Fact Check: ပညာရေးဝန်ကြီးဌာနက နိုင်ငံတကာအဆင့်မီ အခမဲ့အွန်လိုင်းသင်တန်းတွေ ပေးနေသလား- မဟုတ်ပါ
ဧပြီလမှ စတင်ပြီး မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက နိုင်ငံတကာအဆင့်မီ အခမဲ့အွန်လိုင်းသင်တန်းတွေ ပေးနေတယ်လို့ ဆိုပြီး ကြော်ငြာထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ အသက် ၁၈ နှစ်အထက်ကနေ အသက် ၅၅ နှစ်အထက်အထိ သင်တန်းတွေကို ဝင်ရောက်ကြည့်ရှူ့နိုင်တယ်ဆိုပြီးတော့လည်း ကြော်ငြာထားတာတွေ့ရတယ်။ အတုအယောင်ကြော်ငြာ တခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အစိုးရအကျိုးခံစားခွင့်များကို အသုံးချပါ၊ အခမဲ့အွန်လိုင်းသင်တန်းများကို စူးစမ်းလေ့လာပြီး နိုင်ငံအလိုက် အသိအမှတ်ပြုလက်မှတ်ကို ရယူလိုက်ပါ။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းကို မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနမှာလည်း ဖော်ပြချက်မရှိသလို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အောက်က ပညာရေးဝန်ကြီးဌာန မှာလည်းဖော်ပြချက် မရှိပါ။ ဒီလိုမျှဝေထားတဲ့ […]
Continue Reading