Fact Check: လက်ရှိပဋိပက္ခအတွင်း အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်း တွေက ကားနဲ့ဆွဲယူနေပုံလား- မဟုတ်ပါ

လက်ရှိပဋိပက္ခအတွင်း အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်းတွေက ကားနဲ့ဆွဲယူနေပုံလို့ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ ဒီဗွီဒီယိဟာ လက်ရှိပဋိပက္ခမတိုင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုတခု ဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဂါဇာအနီးက အစ္စရေးတိုက်လေယာဉ်တွေကို ပါလက်စတိုင်းတွေက ကားနဲ့ဆွဲယူ” တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို Google မှာပုံရှာနည်းနဲ့ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းနဲ့ ရှာကြည့်ရာမှာ ဒီဓာတ်ပုံဟာ စက်တင်ဘာလကတည်းက သတင်းဖော်ပြချက်တခုမှာတွေ့ရပါတယ်။ စက်တင်ဘာ ၁၅ ရက်က အစ္စရေး တောင်ပိုင်းမှာ F-16 တိုက်လေယာဉ် ၂ စီးကို ကားနဲ့သယ်နေတဲ့ ဗွီဒီယိုဖိုင်ဖြစ်တယ်။ ဒီဗွီဒီယိုဟာ အိက်(စ်)(X)လို့အမည်ပြောင်းထားတဲ့ […]

Continue Reading