Fact Check: ပုသိမ်အကျဉ်းထောင် ထောင်ဖောက်ခံရ အကျဉ်းသားအားလုံးပျောက်ဆုံး သတင်းတု
ပုသိမ်အကျဉ်းထောင် ဖောက်ခံရပြီး အကျဉ်းသားအားလုံလွတ်မြောက်သွားတယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ“၁၄ ရက်နေ့ ပုသိမ်အကျဉ်းထောင် အရေးပေါ် ထောင်ဖောက်ခံရ အကျဉ်းသား အားလုံး ပျောက်ဆုံး“လို့ စသည် ဖြင့် ရေးသားထားပါတယ်။ “KAKA Drama”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link| Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ ပုသိမ်အကျဉ်းထောင် အရေးပေါ် ထောင်ဖောက်ခံရ အကျဉ်းသား အားလုံးပျောက်ဆုံး တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ အမှန်တကယ် အသံဖိုင်ထဲမှာ ပါဝင်တဲ့ သတင်းအကြောင်းအရာတွေကတော့“ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား […]
Continue Reading