Fact Check: စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ကို PDF တွေက လည်လှီးသတ်ဆို တဲ့ သတင်းတု

စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ရဲ့ ပျူစောထီးစခန်းကို  PDF တွေက သိမ်းပိုက်လိုက်ပြီး အရှင်ဖမ်းမိတဲ့ ပေါက်ကိုယ်တော်ကို လည်လှီးသတ်လိုက်တယ် လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၂၆ ရက်မှာ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “ပေါက်ကိုယ်တော်ရဲ့ ပျူစခန်း PDF တွေ ဝင်သိမ်း အရှင်ဖမ်းမိတဲ့ ပေါက်ဂတုံး လည်လှီးသတ်ခံရ ကျန်ဘောမတွေကြည့်ထား မင်းတို့အလှည့်လာမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြပြီး […]

Continue Reading

Fact Check: စစ်တပ်အမာခံ ပေါက်ကိုယ်တော် အလင်းဝင်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ ပေါက်ကိုယ်တော် အလင်းဝင်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။  “ပေါက်ကိုယ်တော်အလင်းဝင်ပီ မင်းအောင်လှိုင်၏လုပ်ရပ်များကိုမကြိုက် တော့သဖြင့်ပေါက်ကိုယ်တော်ပုံကန်ပီဟေ့ ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။ “Myawaddy News” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်ကူးယူ ဖော်ပြ ရာမှာ သတင်းခေါင်းစဉ်တုတပ်ကာ လုပ်ကြံရေးသားကာ ဖြန့်ဝေတဲ့ နေရာတခု ဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ တကယ်တမ်း ဗွီဒီယိုမှာပါတဲ့အကြောင်းအရာဟာ […]

Continue Reading