Fact Check: မိမိ​ဖေ့စ်ဘွတ်အကောင့်ကို ဘယ်သူဝင်ကြည့်သလဲဆိုတာ မသိနိုင်ပါ

မိမိအကောင့်ထဲကို ဘယ်သူတွေ လာသွားလဲဆိုတာ ဖေ့စ်ဘွတ်ကို အဆင့်မြှင့်ခြင်းအားဖြင့်သိနိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ “ကိုယ့်အကောင့်ထဲကို ဘယ်သူတွေ လာသြားလဲဆိုတာ  ကိုကြည့်နိုင်ဖို့ဆို 😊 ပထမဆုံး မိမိအကောင့်ကို profile page ( professional mode)  ပုံစံအရင်ပြောင်းထားရပါမယ်။ (ပြောင်းနည်းကို ရှေ့မှာ တင်ပေးထားပြီး ဖြစ်ပါတယ်) (professional mode မပေါ်ရင်က fb ကို uptade တင်ပါ)  profile page ပုံစံပြောင်းပြီးမှသာ နောက်ပိုင်း ဘယ်သူတွေ ကိုယ့်အကောင့်ထဲ လာကြည့်လဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။  (အရင်က လာကြည့်သူတွေ မြင်ရမှာ မဟုတ်ပါဘူး)  တပုံချင်းစီလေ့လာနိုင်ပါတယ်။ Facebook New Version – https://bit.ly/3tVxeF2 တခြားသူတွေလည်း သိအောင်ပြန်လည်မျှဝေစေလိုပါတယ်…”လို့ ရေးသားပြီး “Fb […]

Continue Reading

Fact Check: စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော်ပျောက်ဆုံးနေဆိုတဲ့ သတင်း ခေါင်းစဉ်အတု

စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် အသင်းအစနမရ ပျောက်ဆုံးနေတယ်လို့ဆိုထားတဲ့ ဗွီဒီယို ပို့စ်တစ်ခု ကိုမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၂၇၀၀ ကျော်ရှိခဲ့ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှု လွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ခေါင်းစဉ်အတုပေးပြီး လူတွေစိတ်ဝင်စားအောင်လုပ်ထားတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။  “မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှား” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၇ ရက်က အောက်ပါအတိုင်းရေးသား မျှဝေထားတာတွေ့ရပါတယ်။ “စစ်တိုင်းမှူး ၅ဦးနှင့်တပ်သား ၂၇၀ကျော် ‌သတင်းအစနမရပျောက်ဆုံးနေ နေပြည်တော် တပ်တွင်းကယက်ထကုန်ပြီ”လို့ ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါ စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် […]

Continue Reading