Fact Check: ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချ အဖမ်းခံတော့မယ်ဆိုတဲ့ သတင်းတု 

ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချ အဖမ်းခံတော့မယ်ဆိုပြီး ‌ပြောဆိုချက်နဲ့ ဗွီဒီယိုတွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ “Celebrity Online News”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖြန့်ဝေထားတဲ့ ပို့စ်ကို အောက်မှာ ကြည့်ပါ။  “ဗိုလ်နဂါး လက်နက်ချ အညံ့ခံ အဖမ်းခံတော့မယ်တဲ့” Original link | Archive link အလားတူတဲ့ပြောဆိုမှုနဲ့ ဗွီဒီယိုကို Local Celegram အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေခဲ့ရာမှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၃ သိန်းဝန်းကျင်ရရှိခဲ့တယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယို ဖြန့်ဝေထားတဲ့ “Local ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသား‌ပြောဆိုချက်တွေကို ဖြန့်ချိတာ လုပ်တဲ့ […]

Continue Reading

Fact Check: တပ်မ ၄၄ ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲ့တက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါးတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “တပ်မ(၄၄)ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲတက်သိမ်းလိုက်”  မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ထို့အပြင် တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါး  ဦးဆောင်တပ်ဖွဲ့က သိမ်းပိုက်လို့ အခုဗွီဒီယိုထဲမှာရေးသားထားပေမဲ့ ဗိုလ်နဂါးအကြောင်း ဖြစ်စေ ဗိုလ်နဂါးနဲ့ မဟာမိတ်အဖွဲ့တွေပါဝင်တဲ့ BNRA တပ်ဖွဲ့အကြောင်းဖြစ်စေမပါဝင်ပါဘူး။ စစ်ကိုင်း၊မကွေးနဲ့ မန္တလေးတိုင်းက တော်လှန်ရေးအင်အားစုအချို့ပေါင်းစည်းထားတဲ့ မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ BNRA ဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အဓိကလုပ်ရှားနေတာတွေ့ရပြီး တပ်မ ၄၄ ဌာနချုပ်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာတည်ရှိပါတယ်။  တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ […]

Continue Reading

Fact Check: ဗိုလ်နဂါးဦးဆောင်တဲ့ MRDA ကို အကြမ်းဖက်အဖွဲ့အဖြစ် NUG ကြေညာတဲ့သတင်းတု

မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကို အမျိုး သားညီညွှတ်ရေးအစိုးရ(NUG)က အကြမ်းအဖွဲ့အဖြစ် ကြေညာ လိုက်တယ်ဆိုပြီး ထုတ်ပြန်ချက်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာဟာ သတင်းတုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ ပို့စ်တခုရဲ့ စခရင်ရှော့အတွက်ဖြစ်တယ်။  မူရင်းလင်ခ့် – Fb link | Archive link နွေဦးတော်လှန်ရေးမှာ တက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုနဲ့ ပွတ်တိုက်မှုတွေဖြစ်ပြီးနောက် အခုလို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခဲ့တာလို့လည်း ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဒီလိုထုတ်ပြန်ထားတာမရှိကြောင်း၊ MRDA ဟာလည်း စစ်အာဏာရှင်ကို တော်လှန်နေသည့် အဖွဲ့အစည်းတခုဖြစ်တာကြောင့် အကြမ်းဖက်အဖြစ် သတ်မှတ်ခြင်းမရှိကြောင်း၊ သွေးကွဲစေရန် ဖြန့်ဝေမှုဖြစ်ကြောင်း မဇ္ဈိမကို ဖြေကြားထားပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ […]

Continue Reading

Fact Check: ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV ကြေညာဆိုတဲ့ သတင်းတု သတင်းမှား

 ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV ကြေညာတယ်လို့ရေးသားထာတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြား ကြိမ်ဖန်များစွာပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV (ရုပ် / သံ) နှင့်တကွ ကြေညာ”စသည်ဖြင့် ရေးသားပြီး “Derbone” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “ဗိုလ်နဂါးကိုအသေဖမ်းလိုက်ကြောင်း MRTV (ရုပ် / သံ) နှင့်တကွ ကြေညာ”စသည်ဖြင့် ရေးသားပေမဲ့ ဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီးသတင်းတင်ဆက်သူဟာ စစ်တပ်ပိုင်မြဝတီသတင်းဌာနရဲ့ MWD Variety ရုပ်သံလိုင်းဖြစ်နေတာတွေ့ရပါတယ်။  ထို့အပြင် ဒီသတင်းမှားဟာ လူတွေစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်တွေနဲ့ သတင်းတုသတင်းမှာဖြန့်ချိပြီး ဝင်ငွေရှာနေတဲ့ဝက်ဘ်ဆိုဒ်တွေကမျှဝေတဲ့အကြောင်းအရာဖြစ်တာတွေ့ရပါတယ်။  မျှဝေထားတဲ့ လင့်ခ်တွေကိုဖွင့်ကြည့်မယ်ဆိုရင် ယူကျူ့(youtube)ဗွီဒီယိုတစ်ခုစီဦးတည်သွားတာ […]

Continue Reading