Fact Check: တော်လှန်ရေးအင်အားစုတွေရဲ့ ဘဏ်အကောင့်တွေကို တရုတ် အစိုးရ ပိတ်သိမ်းတဲ့ သတင်းတု
တရုတ်မှာ တော်လှန်ရေးအင်အားစုတွေအပ်ထားတဲ့ငွေတွေကို တရုတ် အစိုးရ ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီလိုဖြန့်ဝေနေတဲ့အထဲမှာ မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ NUG၊ MNDAA၊ KIA၊ AA၊ TNLA တို့ရဲ့ တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့်တွေကို တရုတ်အစိုးရက ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ သတင်းတု တခု သာဖြစ်တယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ ဘဏ္ဏာရေးဌာနကလည်း ဒီသတင်းဟာ မဟုတ်မမှန်လို့ တုန့်ပြန်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ကြားဖြတ်သတင်း MNDAA အပ်ထားသော တရုတ်အမျိုးသားများဘဏ်(CNB)နှင့် ယူနန်အစိုးရဘဏ်(YGB)မှ ယွမ် ၇.၈ဘီလီယံ TNLA အပ်ထားသော ယူနစ်အစိုးရဘဏ်(YGB)မှ ၅ဘီလီယံ AA အပ်ထားသော တရုတ်အစုစပ်ဘဏ်(CCB)မှ ၅.၈ ဘီလီယံ […]
Continue Reading