Fact Check: လပွတ္တာက လူစင်စစ်ကနေ ခွေးဖြစ်သွားတဲ့မခင်လှရဲ့ ဖြစ်ရပ်မှန်ဆိုတာ မမှန်ပါ

လပွတ္တာမှာ လူစင်စစ်က ခွေးဘဝကူးသွားခဲ့မခင်လှဖြစ်ရပ်မှန်လို့ ရေးသားလျှက် မျှဝေထားတဲ့အကြောင်းအရာကို ဘလော့ဂ်စာမျက်နှာများ၊ ယူကျူး(youtube)နဲ့ဖေ့စ်ဘွတ်စတဲ့ ပလက်ဖောင်းတွေမှာပျံနှံ့လျက်ရှိပြီး ေထာင်ေပါင်းများစွာက ပြန်လည်မျှေဝေနတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ်ဝန်းကျင် ၂၀၀၂ ခုနှစ်ဝန်းကျင်က လပွတ္တာမှာ မခင်လှဆိုတဲ့ မိန်းမပျိုလေးဟာ မိခင်ကို ရိုင်းရိုင်းပြပြနဲ့ ခွေးနဲ့နှိုင်းပြောမိတာကြောင့် ခွေးဖြစ်သွားတဲ့ ဖြစ်ရပ်မှန်လို့ ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲရဲ့နောက်ခံစကားပြောသူက  လပွတ္တာမှာဖြစ်သွားတဲ့ တကယ့်ဖြစ်ရပ် မှန်ဖြစ်ပြီး အသက်က ၁၆-၁၇ အရွယ်မခင်လှဆိုတဲ့ အမျိုးသမီးငယ်ရဲ့ မိဘကိုစော်ကားမိတဲ့ အတွက် လူစင်စစ်ကနေ ချက်ချင်းခွေးဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လို့လည်း ပြောဆိုထားပါတယ်။မခင်လှဟာ မိခင်ဖြစ်သူ ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ခွေးမကြီးလို့ ပြောရင်း တက်သွားပြီးနောက်မှာ သတိပြန်ရလာချိန်မှာ လူစင်စစ် ကနေ ခွေးလိုနေ၊ ခွေးလိုစား၊လေးဘက်ထောက်သွားတော့တယ်လို့ လည်းပြောပါတယ်။ ဒီဖြစ်စဉ်ကို တစ်မြို့လုံး တစ်နယ်လုံး […]

Continue Reading