Fact Check: မြန်မာစစ်ခေါင်းဆောင် ထိုင်းမှာ ပစ်ခတ်ခံရဆိုတဲ့ သတင်းမှား

အာဆီယံဥက္ကဌနဲ့ တွေ့ဆုံဖို့အတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်စဉ်မှာ ပစ်ခတ်ခံရတယ်လို့ရေးသားဖြန့်ဝေထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြစ်တယ်။   “ထိုင်းမှာ ပွတ်လောရိုက်နေပြီ စစ်ခေါင်းဆောင် ပစ်ခတ်ခံရ အာဆီယံ ဥက္ကဌ နဲ့တွေ့ဆုံရန် ထိုင်းကိုလာတဲ့ တပ်ချုပ် လုံခြုံရေး တင်းကြပ်တဲ့ ကြားကနေ ပစ်ခတ်ခံရ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး ဖြစ်တဲ့သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည် ဖြန့်ဝေတဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။   အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၆ ရက်မှာ ပြန်လွတ်ပြီဆိုတဲ့ သတင်းတု

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၆ ရက်မှာ ပြန်လွတ်လာပြီး ရန်ကုန်မြို့လယ်မှာ ပြည်သူ သိန်းချီကြိုဆိုခဲ့တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခု ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုနဲ့  ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “၁၆ ရက်နေ့ ဒီမနက် (၈)နာရီတိတိမှာ လူထုခေါင်းဆောင်လွှတ်ပြီ ရန်ကုန်မြိုလယ်မှာ ပြည်သူသိန်းချီကြိုဆို” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာတွေပြုလုပ်ပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ […]

Continue Reading

Fact Check: ပြင်းအား ၇ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးထပ်လှုပ်ပြီး စစ်တပ်က ထောင်ချီသေဆုံးတဲ့ သတင်းတု 

ဧပြီ ၁၃ ရက်က ပြင်းအား ၇ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးထပ်လှုပ်ပြီး စစ်တပ်က ထောင်ချီသေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မျာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရပါတယ်။ သတင်းတုတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၂ သိန်းဝန်းကျင်ရရှိထားတယ်။ “စစ်တပ်နေရာ အများဆုံး သေဆုံး ၇.၉ ပြင်းအားရှိ ငလျင်ကြီးထပ်လှုပ် မင်းအောင်လှိုင် ဘုရားပေါ်တက်တိုင်း ငလျင်လှုပ်နေ အမျိုးသားရေး သသ်တပ် ဘောမ ထောင်ချီ သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြရာမှာ […]

Continue Reading

Fact Check: စစ်ကိုင်းငလျင်အခြေအနေသွားရောက်ကြည့်ရှု့စဉ် စစ်ခေါင်းဆောင် တိုက်ခိုက်ခံရလို့ သေဆုံးဆိုတဲ့ သတင်းတု

စစ်ကိုင်းမြို့ကို  ငလျင်အခြေအနေသွားရောက်ကြည့်ရှု့စဉ် စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်ခိုက်ခံရပြီး သေမသေ မသိရသေးဘူးလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုနဲ့  ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်းအောင်လှိုင် ပစ်ခတ်ခံရ စစ်ခေါင်းဆောင် စစ်ကိုင်းခရီးစဉ် ပစ်ခတ်ခံရ၊ သေမသေ မသိရသေး လမ်းသွားလမ်းလာအားလုံးကိုဖမ်းဆီးနေ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လူမှုကွန်ယက်အသုံးပြုသူတွေ မျှဝေထားတဲ့ အတွေးအမြင် တွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ လုပ်ပါတယ်။ ဒီချန်နယ်ဟာ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ထိုင်းမှာ မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြနေတာလား-မဟုတ်ပါ

မြန်မာစစ်ခေါင်းဆောင် ထိုင်းနိုင်ငံကို လာရောက်စဉ် ထိုင်းနိုင်ငံသားတွေ ဆန္ဒပြခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မျာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရပါတယ်။ မှားယွင်းပြောဆိုမှုသာဖြစ်တယ်။ ဗွီဒီယိုဟာ တကယ်တော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က အစိုးရရုံးရှေ့မှာ သစ်တောဥပဒေနဲ့ပတ်သက်ပြီး ဆန္ဒပြနေကြပုံ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ “သူများနိုင်ငံလာတော့ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင် -😂🤣 #minaunghlan #ထိုင်းနိုင်ငံ #ချင်မိုင် #Myanmar #ခွေးleader” Original link | Archive link ဒီအပြင် ဗွီဒီယိုအတိုတွေ မျှဝေတဲ့ လူမှုကွန်ယက်ပလက်ဖောင်းတခုဖြစ်တဲ့ reel မှာလည်း တူညီစွာမျှဝေနေ တာတွေ့ရပါတယ်။ ဒီနေရာနဲ့  ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ မြင်ကွင်းတွေကို Google မှာ […]

Continue Reading

Fact Check: ရုရှားသွားစဉ် စစ်ခေါင်းဆောင် လေယာဉ်ပျက်ကျ သေဆုံးတဲ့ သတင်းတု

ရုရှားနိုင်ငံကို သွားရောက်စဉ် မြန်မာစစ်ခေါင်းဆောင်ရဲ့ လေယာဉ်ပျက်ကျ သေဆုံးမှုလို့ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ ‌ရေးသားဖြန့်ဝေမှု တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “မင်းအောင်လှိုင် ရဲ့ ရုရှားခရီးစဉ် လေယာဉ်ပျက်ကျလို့ သေပြီ သတင်းဌာနအားလုံးအတည်ပြုပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုပြောဆိုထားတဲ့ ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကိုကြည့်မယ်ဆိုရင် လုပ်ကြံရေးသား ဖြန့်ဝေတာတွေ လုပ်တာ၊ ဒါမှမဟုတ် သတင်းမီဒီယာတချို့က သတင်းတွေကို  သတင်းခေါင်းစဉ် တုတပ်ဖြန့်ချိတွေလုပ်ပါတယ်။ အခုလည်း “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က ဖော်ပြထားတဲ့ ဗွီဒီယိုထဲပါ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် မျောက်ကျောက်ရောဂါနဲ့ သေဆုံးတဲ့ သတင်းတု

စစ်ခေါင်းဆောင် မျောက်ကျောက်ရောဂါ ကူးစက်ခံရပြီး သေဆုံးသွားတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခု ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “ဖေဖော်ဝါရီ (၂၁)ရက်နေ့ အထူးသတင်းကောင်းလာပြီဟေ့ တနိုင်ငံလုံး အောင်ပွဲခံလို့ရပြီဟေ့ မျောက်ကျောက်ရောဂါနဲ့ မအလ သေပြီ(လုံးဝ)ဂျင်း မဟုတ်ဘူး ရန်ကုန်ခေတ်သစ်တရားဝင်ကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Burma Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်တဲ့နေရာတခုဖြစ်တာတွေ့ရတယ်။  အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖေဖော်ဝါရီ ၂၁ ရက်မှာပဲ ဖော်ပြခဲ့တဲ့ “နေပြည်တော်တွင် […]

Continue Reading

Fact Check: အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ခေါင်း‌ဆောင် ရုရှားကို ထွက်ပြေးတဲ့ သတင်းတု

အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ခေါင်း‌ဆောင် ပြည်ပကို ထွက်ပြေးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ မကြာသေးခင်က ဖြန့်ဝေထားပြီး ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ ရေးသား မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  “ဖမ်းဝရမ်း အထုတ်ခံရ အပြီး ၂၄ နာရီ မကြာဘူး ပြေးပြီ မင်းအောင်လှိုင် ရုရှား ပြေးပါပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာတွေ လုပ်ပါတယ်။ ဒီချန်နယ်နဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် မူးလဲသေဆုံးတဲ့ သတင်းတု

စစ်ခေါင်းဆောင် ရုတ်တရက် မူးလဲသေဆုံးသွားလို့ နေပြည်တော်မှာ ပွက်လောရိုက်နေပြီလို့ ဆိုတဲ့ ဗွီဒီယိုပို့စ် ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းတု တခုသာဖြစ်တယ်။   ဇန်နဝါရီ ၂၈ ရက်မှာ ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “ရုတ်တရက် မအလ မူးလဲသေဆုံးလို့ နေပြည်တော်မှာ ပွက်လောရိုက်ကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြတာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းရေးသားဖြန့်ဝေ တာတွေ ပြုလုပ်ပါတယ်။  ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို […]

Continue Reading

Fact Check: စစ်သား ၃၀၀၀ နေပြည်တော်ကို ထရမ့် စေလွှတ်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဆီးတဲ့ သတင်းတု

အမေရိကန်သ္မတသစ် ဒေါ်နယ်ထရမ့်(Donald Trump)က စစ်သား ၃၀၀၀ နေပြည်တော်ကို လွှတ်လိုက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ဇန်နဝါရီ ၂၂ ရက်မှာ “MCM Channel”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့တဲ့ ဗွီဒီယို စခရင်ရှော့နဲ့ ပို့စ်ပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “US သမ္မတသစ် ထရမ့် မြန်မာ့အရေး ဆုံးဖြတ်ပြီ US စစ်သား ၃၀၀၀ နပတကို ဒီမနက်လွှတ်လိုက်ပြီတဲ့” မူရင်းလင်ခ့် – Youtube link | Archive link  ဒီချန်နယ်ကပဲ နောက်ထပ် ဖြန့်ဝေမှုမှာတော့ အမေရိကန်သမ္မတအသစ် အမိန့်နဲ့ စစ်ခေါင်းဆောင်ကို ဖမ်းသွားပြီလို့ […]

Continue Reading