Fact Check: မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နုတ်ထွက်ဆိုတဲ့သတင်းခေါင်းစဉ်မှား

စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တာဝန်ကနေနုတ်ထွက်သွားတယ်လို့ရေးသားလျှက် ဗွီဒီယို ပို့စ် တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အောက်တိုဘာ ၃၀ ရက်က ဖြန့်ဝေလာတာတွေ့ရပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို နားလည်မှုလွဲ စေနိုင်တဲ့ ခေါင်းစဉ်တုခေါင်းစဉ်မှားပေးပြီး ဖြန့်ချိနေခြင်းဖြစ်တယ်။ “မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နှတ်ထွက်”လို့ ရေးသားပြီး “Foodella” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကအောက်ပါအတိုင်းမျှဝေထားပါတယ်။ ဗွီဒီယိုရဲ့ ရုပ်သေဓာတ်ပုံနေရာမှာလည်း MRTV တံဆိပ်နဲ့အတူ “MRTV မှာကြေညာသွားပြီ ဒုဗိုလ်ချုပ်ကြီးမြထွန်းဦးကို တပ်ချုပ်ရာထူးခန့်ပြီး ပင်စင်နဲ့အနားယူမယ်လို့ ကြေညာ” လို့လည်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပို့စ်စာသားနေရာမှာ “မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နုတ်ထွက်”လို့ ရေးသားထားသလို ဗွီဒီယို […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ပင်စင်ယူမယ့်ရက်ကြေညာဆိုတဲ့ သတင်းတု

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က ပင်စင်ယူမယ့်ရက်ကို အတိအကျကြေညာ လိုက်ပြီးရေးသားလျှက် မျှဝေထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဇူလိုင် ၂၄ ရက်ကစတင်ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။  “july 24ပင်စင်ယူမယ့်ရက်တိကျကြေငြာလိုက်တဲ့မအလ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို youtube မှာ မျှဝေထားတာရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့သူပေါင်း ၃၀၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၆ ခုနှစ်ကတည်းက ဉပဒေအရ အနားယူရမှာဖြစ်ပေမဲ့ သူ့ဘာသာသူ နောက်ထပ် ၅ နှစ်သက်တမ်းတိုးခဲ့ပါတယ်မင်းအောင်လှိုင်ဟာ။ ထပ်မံတိုးမြင့်ထားတဲ့ စစ်ခေါင်း ဆောင်ရဲ့ ၅ နှစ် သက်တမ်းဟာလည်း ၂၀၂၁ ခုနှစ် ဇူလိုင်မှာသက်တမ်းကုန်မှာဖြစ်ပါတယ်။ သို့သော် […]

Continue Reading

Fact Check: မြန်မာစစ်တပ် ဦးမင်းအောင်လှိုင်ကို ထောက်ခံကြောင်း အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုတ်ဖော်ပုံလား-မဟုတ်ပါ

မြန်မာစစ်တပ် ဦးမင်းအောင်လှိုင်ကို ထောက်ခံကြောင်း အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုတ်ဖော်ပုံဆိုပြီးတော့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အမေရိကန်အလံကိုင်ဆောင်ထားသူအချို့နဲ့အတူ စစ်တပ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ကိုင်ဆောင်ထားသူအမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံ ၂ ပါဝင်တယ်။  သို့သော် ဒီဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်အတွင်းက အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ဖို့အတွက် အိမ်ထဲမှာနေဖို့အမိန့်ထုတ်ထားတာကို ဆန္ဒကျင့် ဆန္ဒပြပုံတွေကို ပြုပြင်ပြောင်းလဲထားတာဖြစ်ပါတယ်။ “မြန်မာစစ်တပ် ဦးမင်းအောင်လှိုင် ကို ထောက်ခံကြောင်း..အမေရိကန် ဝါရှင်တန်ဒီစီမှာ ဆန္ဒထုပ်ဖော်နေ ကြပြီ.. မျီုးချစ်အပေါင်းတို့ရေ”စသည်ဖြင့်ရေးသားပြီး “Kwee”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  ၂၀၂၁ ခုနှစ် […]

Continue Reading

Fact Check: အာဏာပြန်လွှဲပြီ၊ ဒါရိုက်တာဝိုင်းသေဆုံး၊ရန်ကုန်တရားရုံးချုပ်ဗုံးပေါက်ကွဲ စတဲ့ သတင်းတုများစွာနဲ့ Truenewsu ဝက်ဘ်ဆိုဒ်

မင်းအောင်လှိုင်မရှိတုန်း ဒုဗိုလ်ချုပ်ကြီးစိုးဝင်း တရားဝင်လက်မှတ်ထိုးပြီး အာဏာပြန်လွှဲလိုက်ပြီ ဆိုပြီးတော့  ဖေဖော်ဝါရီ ၈ ရက်ကဖေ့စ်ဘွတ်မှာ မျှဝေခဲ့တဲ့အကြောင်းအရာဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှု အားကောင်း ခဲ့ပါတယ်။ဒီသတင်းဟာ သတင်းတုတစ်ခုသာဖြစ်ပါတယ်။  “Truenewsu”အမည်နဲ့ဝက်ဘ်ဆိုဒ်က “MWDမှာအခုကြေငြာလိုက်ပြီ”လို့လည်းရေးသားထားသလို “မင်းအောင်လှိုင်မရှိတုန်း ဒုဗိုလ်ချုပ်ကြီးစိုးဝင်း တရားဝင် လက်မှတ်ထိုးပြီဟေ့ အာဏာပြန်ရပြီဗျို့ ” လို့ရေးသားထားတဲ့ ဓာတ်ပုံလည်းပါဝင်ပါတယ်။ တူညီတဲ့မျှဝေမှုတွေဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် စစ်တပ်ပိုင်မြဝတီသတင်း ဌာနက ဒီလိုကြေညာခဲ့ခြင်းမရှိပါဘူး။ ဒီလင်ခ့်မှာကြည့်ပါ။  “Truenewsu” အမည်နဲ့ ဒီဝက်ဘ်ဆိုဒ်မှာတွေ့ရတဲ့  အကြောင်းအရာတွေကို လေ့လာကြည့်ရာမှာ အင်တာနက်ကနေ လူစိတ်ဝင်စားစေမယ့် သတင်းခေါင်းစဉ်တုတွေပေးပြီး ဗွီဒီယိုတစ်ခုကို ကြည့်ရှု့သူအရေ အတွက်ပေါ်မူတည်စီးပွားရှာနေတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုပါအသံဖိုင်ထဲမှာတော့ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ သတင်းနဲ့ အကြောင်းအရာတွေကို […]

Continue Reading

Fact Check: ဒီဗွီဒီယိုက စစ်တပ်ခေါင်းဆောင် မြစ်ကြီးနားခရီးစဉ်မှာ ပစ်ခတ်ခံရမှုလား-မဟုတ်ပါ

စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြစ်ကြီးနားခရီးစဉ်မှာ ၎င်းလက်အောက်ခံ လုံခြုံရေး တပ်ဖွဲ့တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ပစ်ခတ်တိုက်ခိုက်မှုလို့ရေးသားပြီး ဗွီဒီယို တစ်ခုကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိရာ ဒီဗွီဒီကို ပြန်လည်မျှဝေသူ ထောင်ဂဏန်းဝန်းကျင်ရှိပါတယ်။   ၂ မိနစ်နဲ့ ၅၄ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ ရဲဝတ်စုံဝတ်ထား သူတွေဟာ နောက်မိုးဖွင့် နှစ်ခန်းတွဲ အိမ်စီးကားဖြူ ၂ စီးပေါ်မှာ ထိုင်လျှက် ရံဖန်ရံခါ သေနတ်ထုတ်ချိန်တဲ့ မြင်ကွင်း၊ ကား ၂ စီးဟာ ရှေ့တိုးနောက်ဆုတ်လုပ်နေတဲ့ မြင်ကွင်းများနဲ့ သေနတ်နဲ့ပစ်ခတ်သံအချို့လည်းပါဝင်ပါတယ်။ သို့သော်လည်း ဒီဗွီဒီယိုဟာ မတ်လအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။   “သောင်းကျန်းသူ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ကချင်ပြည် ရောက်ရှိနေ စဉ် သူ့ အောက်ခြေသောင်း ကျန်းသူ အဖျက်သမားများအား မြစ်ကြီးနား ဒေသခံ […]

Continue Reading

Fact Check: ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်နဲ့ အမေရိကန်သမ္မတနဲ့တွေ့ဆုံတဲ့သတင်းတု ဖြန့်ဝေ

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ မြန်မာအိမ်စောင့်အစိုးရဝန်ကြီးချုပ် ဦးမင်းအောင်လှိုင် အွန်လိုင်းကနေတွေ့ဆုံခဲ့ တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ အမေရိကန်သမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။  “အိမ်ဖြူတော်၏ ဖိတ်ကြားချက်အရ ယနေ့မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ၊ အမေရီကန်စံတော်ချိန် ည ၁၁:၃၀ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင် နှင့် အမေရီကန်သမ္မတ ဂျိုးဘိုင်ဒန် တို့ဟာ Video conference စနစ်ဖြင့် တစ်နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။  အဆိုပါ တွေ့ဆုံဆွေးနွေးမူ့တွင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေနေအား အဓိကထား ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမူ့များအား စီစစ်တွေ့ရှိခဲ့ရတာကြောင့် တပ်မတော်မှ မလွဲမရှောင်သာ၍ အာဏာထိန်းလိုက်ရခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက် သွင်းဖို့ အားလုံးပါဝင်တဲ့ […]

Continue Reading