Fact Check: မင်္ဂလာဒုံလေဆိပ်ကို NUG ဖောက်ခွဲဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းတု 

NUG ကလက်ဦးမှုရယူပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီး F-16 လေယာဉ် ၈ စီး ပျက်စီးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ပို့စ်တခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “NUG လက်ဦးမှုရယူလိုက်ပြီဗျို့ ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကြီးအပြီးတိုင်ဖောက်ခွဲခံရ F-16 (၈)စီးမီးလောင်၊ရန်ကုန်ကိုဝင်ဆော်လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကို တုပပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို အခုလိုပဲ သတင်း‌ခေါင်းစဉ်တုတွေ တပ်ကာ ဖြန့်ချိလေ့ ရှိတယ်။ တကယ်တမ်း ဗွီဒီယိုမှာပါတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading