Fact Check: တနာရီမိုင် ၅၀၀ နှုန်းနဲ့ တိုက်ခတ်ပြီး လူသန်းချီသေဆုံးနိုင်တဲ့ မုန်းတိုင်း ဝင်ရောက်မယ်ဆိုတဲ့ သတင်းတု
တနာရီ မိုင် ၅၀၀ နဲ့တိုက်ခတ်တဲ့ မုန်းတိုင်းဝင်ရောက်ပြီး တနိုင်ငံလုံး မြို့တွေ အကုန်ရေမြုပ်ပြီး လူသန်းချီ သေဆုံးနိုင်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေခြင်း ဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “တနိုင်ငံလုံး သေဖို့ကြုံလာရပြီ မုန်တိုင်ကြီး တစ်နာရီမိုင်-၅၀၀ (၂၄)နာရီအတွင်းဝင်တိုက်မယ်၊ အမြန်ပြေးကြပါ မြို့တွေအကုန်ရေမြှုပ်ပြီး လူ သန်းချီသေမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီခန့်မှန်းချက်မျိုး မိုးလေဝသကျွမ်းကျင်သူတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြခဲ့တဲ့အကြောင်းအရာဟာ သန်လွင်ခက် သတင်းဌာနက ဖော်ပြခဲ့တဲ့ “နိုင်ငံတဝှမ်း မိုးရွာသွန်းမှုတွေ ရှိနိုင်”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထား ခြင်းဖြစ်တယ်။ နိုဝင်ဘာ ၉ […]
Continue Reading