Fact Check: အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဗိုလ်ချုပ်မြထွန်းဦးကဖြုတ်ချမှုသတင်းတု
အဏာသိမ်းစစ်ခေါင်းဆောင်ကို ဗိုလ်ချုပ်မြထွန်းဦးက ထပ်မံအာဏာသိမ်းပြီး ဖြုတ်ချလိုက်တယ်ဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဗိုလ်ချုပ်မြန်ထွန်ဦး အာဏာသိမ်းပိုက်လိုက်ပြီ မအလဂျပုနဲ့စိုးဝင်း ဖမ်းဆီးစစ်ကြောရေးပို့လိုက်ပြီ” တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခုလို မျှဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျု့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက်တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့ နေရာတွေဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ဒီဗွီဘီသတင်းဌာနက အောက်တိုဘာ ၂၃ ရက်မှာဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် အရှင်းခံရတော့မှာလား”ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ ဒီအတွေးအမြင်ဆောင်းပါထဲမှာ ဆောင်းပါးရှင်က […]
Continue Reading