Fact Check: သာကေတမြို့မရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ ဗိုလ်မှူးကြီး ဗုံးထိမှန်သေဆုံးဆိုတဲ့ သတင်းတု
သာကေတမြို့မရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ ဗိုလ်မှူးကြီး ဗုံးထိမှန်သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသား ကောက်နုတ် ချက်ဖြစ်ပါတယ်။ “ရန်ကုန်မှာ ချကုန်ပြီဟေ့ သာကေတမြို့မရဲစခန်း တိုက်ခိုက်ခံရ စစ်ကောင်စီဗိုလ်မှူးကြီးဗုံးထိမှန်သေဆုံး(ပွဲကြမ်းပြီ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီအပြင် အခုလို […]
Continue Reading