Fact Check: နေပြည်တော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

နေပြည်တော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်လို့ စစ်ကောင်စီက နေပြည်တော်ကို လက်လွတ်ဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ ဗွီဒီယိုယူကျူ့ချန်နယ်တခုက ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “၁၃ရက်နေ့ မအလပြေးပြီ နေပြည်တော်တစ်မြို့လုံးလက်လွှတ်လိုက်ရပြီဟေ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ အလံ စိုက်ထူလိုက်ပြီ ရန်ကုန်ခေတ်သစ်တရားဝင်အတည်ပြုပြီ ”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Yotube link | Archive link ဒီယူကျူ့ချန်နယ်ကပဲ နေပြည်တော်လေတပ်ဌာနချုပ် ရဟတ်ယာဉ်ကွင်းကို  ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် ရဟတ်ယာဉ် ၅ စီးမီးလောင်ပြာကျသွားပြီ၊ ရန်ကုန်စစ်ဌာနချုပ် ညကအင်အား အလုံးအရင်းနဲ့ ဝင်သိမ်း လိုက်ပြီးစသည်ဖြင့် ရေးသားဖြန့်ဝေထားရာမှာ အများအပြားက ဒီဗွီဒီယိုတွေကို ကြည့်ရှူ့ထားပါတယ်။ ဒီနေရာနဲ့ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို […]

Continue Reading

Fact Check: မန္တလေးမြို့‌ပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး လူတွေအပြင်မထွက်ကြဖို့ တိုက်တွန်းတဲ့ သတင်းခေါင်းစဉ်တု

မန္တလေးမြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး ဗုံးမိုးရွာနေလို့ အပြင်မထွက်ကြဖို့ PDF-mdy ကတိုက်တွန်းလိုက် တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တခုဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ “Breaking News မအလ ရှုံးပြီဝန်ခံလိုက်ပြီ မန္တလေးမြို့ကိုချကုန်ပြီဟေ့ လုံးဝ အပြင်မထွက်ရ PDF-mdy ကြေညာလိုက်ပြီ၊ ဗုံးမိုးရွာပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့(အထူးသဖြင့် ရန်ကုန်ခေတ်သစ် မီဒီယာက) သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိတာတွေ့ရပြီး  ရန်ကုန်ခေတ်သစ်မီဒီယာ အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်းတွေ့ရပါတယ်။ အခုလည်း မန္တလေးမြို့မှာ တိုက်ပွဲတွေဖြစ်ပြီး […]

Continue Reading

Fact Check: မင်းပြား၊မြောက်ဦး၊ ရသေ့တောင်နဲ့ ပေါက်တောကို AA သိမ်းပိုက်လိုက်ပြီ လား-မဟုတ်ပါ

ပေါက်တော၊ မြောက်ဦး၊ မင်းပြားနဲ့ ရသေ့တောင်မြို့တွေကို ရက္ခိုင့်တပ်တော်(Arakan Army-AA)က သိမ်းပိုက် လိုက်ပြီလို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေ နိုင်တဲ့ သတင်းမှားဖြစ်တယ်။ စစ်ကောင်စီတပ်တွေနဲ့ AA တပ်တွေ အကြား ထိတွေ့ တိုက်ပွဲ တွေရှိပေမဲ့  မြို့တွေကို သိမ်းပိုက်လိုက်တယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ AA ဘက်က အတည်အလင်းကြေညာ တာမျိုးလည်း မရှိပါဘူး။ အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “၁၃ ရက် မင်းပြားမြို့၊ ရသေ့တောင်မြို့ သိမ်းပိုက်လိုက်ပြီဟေ့ စစ်ခွေး(၁၂၀)သေဆုံး၊ ရခိုင်တပ်( AA)ချပါပြီ” တူညီတဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ ထို့အပြင် အလားတူရေးသားဖြန့်ဝေမှုဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲ စတဲ့ သတင်းတု

NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုသာဖြစ်ပါတယ်။ “အင်းအား(၆) သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီဗျို့(အားလုံးပြင်ဆင် ထားကြပါဗျို့)”လို့ ရေးသားပြီး “Get the light” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ၁ ရက်အတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၁ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ သံလွင်ခက်မီဒီယာကဖော်ပြခဲ့တဲ့ “နွေဦးတော်လှန်ရေး၏ စစ်ဦးစီးချုပ် ဘယ်သ ူဖြစ်လာနိုင်သလဲ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါး မှာ NUG ဟာ အမိန့်တစ်ခုထဲအောက်မှာအကောင်အထည်ဖော်ဖို့လိုတဲ့ကိစ္စတွေအတွက် စစ်ဦးစီးချုပ် တစ်ယောက်ခန့်ဖို့လိုနေတာကြောင့် ခန့်အပ်မယ်လို့လည်း […]

Continue Reading

Fact Check: နေပြည်တော်ကို PDF ကသိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းမှား

စစ်ကောင်စီရဲ့ အဓိက အုပ်ချုပ်ရေးနေရာဖြစ်တဲ့ နေပြည်တော်ကို ပြည်သူ့ ကာကွယ်ရေးတွေကသိမ်းပိုက်လိုက်ပြီး ရေ၊မီးဖြတ်တောက်ပစ်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “အကုန်သိသတင်းဌာန၏ဖေဖော်ဝါရီလ ၉ ရက်နေ့၊နံနက်ခင်းသတင်း”၊ “နေပြည်တော်ကိုသိမ်းပိုက်လိုက်ပြီ မအလနဲ့အာဏာရူးအုပ်စုကိုPDFတပ်များမှရေ၊မီး အကုန်ဖြတ်တောက် ပစ်လိုက်ပြီ“လို့ စသည် ဖြင့် ရေးသားကာ “Man Media”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link|  Archive link  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ချန်နယ်ရဲ့  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာထဲမှာပါဝင်တဲ့ “ နေပြည်တော်ကို သိမ်းပိုက်လိုက်ပြီ မအလနဲ့အာဏာရူးအုပ်စုကိုPDFတပ်များမှ ရေ၊မီးအကုန်ဖြတ်တောက် ပစ်လိုက်ပြီ”ဆိုတဲ့ […]

Continue Reading

Fact Check: PDF တွေ မုံရွာမြို့ကို သိမ်းပိုက်လိုက်ပြီး တိုက်လေယာဉ် ၂ စီးပစ်ချခံရဆိုတဲ့ သတင်းမှား

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ PDF တွေ မုံရွာမြို့ကို သိမ်းပိုက်လိုက်ပြီး စစ်တပ်တိုက်လေယာဉ် ၂ စီး ကို တပြိုင်နက်ထဲ ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိတာဟာ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ ဖြန့်ချိနေတဲ့ ဒီပို့စ်မှာ  “၅/၂/၂၀၂၃ ထူးပြီ မုံရွာမြို့သိမ်းတိုက်ပွဲ PDF တွေ အဝင်ကြမ်းကုန်ပြီ တပြိုင်နက်စစ်တိုက်ယာဉ် ၂ စီးပစ်ချခံရ”လို့ ဗွီဒီယိုထဲမှာ ရေးသားထားပါတယ်။ “KAKA Drama” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုပါမှာပါတဲ့အကြောင်းအရာဟာ ဖေဖော်ဝါရီ […]

Continue Reading

Fact Check: မြို့၅မြို့သိမ်းပြီး ည၉နာရီမတိုင်ခင် ၁၉မြို့ လောက်သိမ်းမယ်လို့ NUG ထုတ်ပြန်ဆိုတဲ့သတင်းတု

မြို့၅မြို့သိမ်းပြီးပြီ၊ဒီည၉နာရီမတိုင်ခင်၁၉မြို့လောက်ပိုင်နိုင်မယ်လို့ NUG က ထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဇူလိုင် ၂၃ ရက်ကဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုသတင်းမှားသာဖြစ်ပါတယ်။ NUG အနေနဲ့ကြေညာခဲ့တာမရှိပါဘူး။ Drama 45 အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “မြို့၅မြို့သိမ်းပြီးဖြစ်။ ဒီည၉နာရီမတိုင်ခင်၁၉မြို့လောက်ပိုင်နိုင်မယ် ဟုNUGထုတ်ပြန်။”လို့ရေးသားထားသလို မျှဝေထားတဲ့ ဗွီဒီယိုထဲမှာလည်း “မြို့၅မြို့ပါသွားပြီ အောင်ပွဲ ည ၉ နာရီမထိုးခင် ၁၉မြို့လောက်သိမ်းနိုင်လိမ့်မယ်လို့ NUG ထုတ်ပြန်”လို့ရေးသားထားတာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် Drama 45 အမည်နဲ့စာမျက်နှာဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းတွေကို ဗွီဒီယိုပုံစံပြုလုပ်ပြီး သတင်းခေါင်းစဉ်အတု၊ သတင်းခေါင်းစဉ်အမှားတွေပေးပြီး ဖြန့်ချိတာတွေဆက်တိုက်လုပ်နေတဲ့ စာမျက်နှာတစ်ခု ဖြစ်တာတွေ့ရပါတယ်။ “မြို့၅မြို့ပါသွားပြီ အောင်ပွဲ ည ၉ နာရီမထိုးခင် ၁၉မြို့လောက်သိမ်းနိုင်လိမ့်မယ်လို့ […]

Continue Reading

Fact Check: PDF ၂ သိန်း နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့ သတင်းတုသတင်းမှား

PDF ၂ သိန်း နေပြည်တော်ကိုသိမ်းနေပြီဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ ဖြန့်ဝေခဲ့တဲ့ပို့စ်တွေမှာ “ပြည်သူတွေအမြန်ပြေးကြပါ။ PDF၂သိန်းနေပြည်တော်ကို သိမ်းနေ လို့ပါ။”လို့ရေးသားပြီး ဓာတ်ပုံတစ်ခုပေါ်မှာလည်း “အခုပဲနေပြည်တော်မှာဖြစ်သွားတာ ပြည်သူတွေ အမြန်ပြေးကြပါ။ PDF၂သိန်းနေပြည်တော်ကို သိမ်းနေပြီ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်ပုံမှန် အသုံးပြုသူတစ်ယောက်အနေနဲ့ ဖြန့်ဝေထားတဲ့အကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းတုတစ်ခုအဖြစ်အလွယ်တကူသိနိုင်ပါတယ်။ ဓာတ်ပုံထဲမှာ နိုင်ငံခြားသတင်း ဌာနတစ်ခု ကကြေညာ သူတစ်ဦး ဓာတ်ပုံကို အသုံးပြုထားပေမဲ့ Fact Crescendo Myanmar အနေနဲ့ PDF တွေ နေပြည်တော်ကို သိမ်းနေပြီဆိုတဲ့သတင်းမျိုး မီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။ ကားမီးလောင်နေတဲ့ဓာတ်ပုံဟာ […]

Continue Reading