Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝင်းထဲက မြေအောက်ဉမင် ဓာတ်ပုံလား-မဟုတ်ပါ

ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ နေအိမ်ကနေ အမေရိကန်ကို ဆက်သွယ်ထားတဲ့ မြေအောက်ဉမင်လှိုဏ်ခေါင်းတွေ ဆိုပြီးတော့  ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ဉမင်းတွေဟာ  ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းနေက အမေရိကန် နိုင်ငံရဲ့ နေရာ ၅၁(Area 51)ကို ဆက်သွယ်ထားတယ်လို့လည်ဆိုထားသလို  ရွှေချောင်းတွေနဲ့ ဒေါ်လာအပြင် တန်ဖိုးကြီး ရှားပါး သတ္တုအမျိုးအစားတွေနဲ့ ရှေးဟောင်း ပစ္စည်းတွေပါတွေ့ရတယ်လို့ ရေးသားထားပါတယ်။ Area 51 ဆိုတာ ကတော့ အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အထူးလျို့ဝှက်နေရာတစ်ခုလို့ နာမည်ကြီးတဲ့ နေရာဒေသ တစ်ခုဖြစ်ပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်နဲ့လည်း သက်ဆိုင်ခြင်းမရှိသလို အမေရိကန်ရဲ့ စစ်ဘက်လျှို့ဝှက်နေရာနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ ဓာတ်ပုံ ၂ ပုံနှင့်အတူ “သတိုးမဟာ […]

Continue Reading