Fact Check: မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှု ရာဂဏန်းသေဆုံးပြီး လေယာဉ် ၅ စီးပျက်စီးခဲ့သလား-အထောက်အထားမရှိပါ

မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှု လူ ရာဂဏန်းသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျု့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ အထောက်အထားမရှိတဲ့ ချဲ့ကားရေးသားထားတဲ့ သတင်းတွေ သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျု့ဗွီဒီယို ပါစာသားကောက်နုတ်ချက်တွေဖြစ်တယ်။ ရေးသားဖြန့်ဝေမှုတွေကို ယူကျူ့ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ “လေယာဉ်ဂိုထောင်မီးလောင် လေတပ်စခန်းPDF(၃၀၀)ဝင်သိမ်း လက်နက်ကြီးမှန်လို့စစ်ခွေး(၄၇)ဦးသေဆုံး” “မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံး(၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ တိုက်လေယာဉ်(၅)စီးပျက်၊ လူ(၅၀၀)သေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတာ ဖော်ပြပေမဲ့ အခုလိုမျိုး အများအပြားသေဆုံးမှုသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။  အောက်တိုဘာ ၂၂ ရက် ည ၉ နာရီလောက်မှာ လေယာဉ်ဆီ […]

Continue Reading

Fact Check: မှော်ဘီမှာတွေ့ရတဲ့ ကံကောင်းစေတဲ့မြွေတွေအဖြစ် သတင်းမှား ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာရှိ တောင်သူတစ်ဦးရဲ့ သပြေပင်မှာ တွေ့ရတဲ့ ကံကောင်းစေတဲ့ မြွေတွေလို့ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ပေါင်း များစွာက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ မရှာဘိကျေးရွာက ဟင်းသီးဟင်းရွက်စိုက်တောင်သူ ဦးကွယ်လွယ်ထူးရဲ့ စိုက်ခင်းအတွင်းရှိ သပြေပင်မှာ တွေ့ရ တာဖြစ်ပြီး မြွေတွေဟာ ဘယ်ကရောက်လာမှန်းမသိကြောင်းနဲ့ ဇနီးက နွားနို့ နေ့တိုင်းတိုက်ပြီးနောက် ထီ သိန်း ၁ သောင်းဆုပေါက်တယ်လို့လည်း ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာရှိ ဟင်းသီးဟင်းရွက်စိုက် တောင်သူ ဦးကွယ်လွယ်ထူး၏ စိုက်ခင်းအတွင်းရှိ သပြေပင်တွင် ပုံတွင်မြင်တွေ့ရသည့်အတိုင်း အစိမ်းရောင် မြွေများအုပ်စုလိုက် လာရောက်နေထိုင်ကြကြောင်းတွေ့ရှိရစဉ်။ […]

Continue Reading