Fact Check: မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ဖွဲ့လုံး မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ သတင်းတု

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးလက်နက်ချပြီး အာဏာပြန်မလွှဲမချင်း ဖျက်သိမ်းကာ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြားပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧပြီ ၂၄ ရက်မှာပဲ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ရေစကြိုမြို့နယ် ရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထားဝယ်-ရေးလမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ပစ်ခတ်တိုက်ခိုက်”ဆိုတဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲတပ်မျှဝေနေခြင်း ဖြစ်ပါတယ်။  ဧပြီလ ၂၃ ရက်က ရေစကြိုမြို့နယ် မြို့မရဲစခန်းကို ၄၀ မမ ဗုံးသီး […]

Continue Reading

Fact Check: ဒီပုံက ရဲတပ်ဖွဲ့ဝင် ၂ ဦး ၂၀၂၀ ခုနှစ်အတွင်း TNLA ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဓာတ်ပုံဖြစ်တယ်

အဖမ်းခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးဓာတ်ပုံနဲ့အတူ ပိုက်ဆံယူ၊သတင်းပေးလုပ်လို့ ယင်းမာပင်မြို့နယ် မြိုင်ဂဲ ရဲစခန်းက စစ်ခုံရုံးအတင်ခံတဲ့ရဲတပ်ဖွဲ့ဝင်တွေအဖြစ်ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်ကတည်းကပျံ့နှံ့လျက်ရှိတာတွေ့ရပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရ ပါတယ်။ “23-6-22 ယင်းမာပင်..မြိုင်.ဂဲစခမ်း.. သတင်းပေး..ပိုက်ဆံယူ…အကျင့်ပျက်..ဖရဲသီးတွေ.. စစ်ခုံရုံးတင်…. Sittway Thitsar .@.ကရင်ပြည်နယ်”စသည်ဖြင့် ရေးသားပြီး “Min Thwe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် တကယ်တော့ ဒီရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ ၂၀၂၀ ခုနှစ်အတွင်းက တအာင်းလွှတ်မြောက်ရေးတပ်ဖွဲ့(TNLA)ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မိုးကုတ်က ရဲတပ်ဖွဲ့ဝင် ၂ ဦးဖြစ်တာတွေ့ရပါတယ်။  ပြီးခဲ့တဲ့နှစ်မှာ […]

Continue Reading

Fact Check: ၂၀၂၀ ခုနှစ်ထဲမှာ ရဲ ၂ ေယာက်ဖမ်းဆီးခံရစဉ်ကပုံကိုလက်ရှိအဖြစ်အပျက် သဖွယ်ေဖာ်ပြ

လက်ရှိအဖမ်းခံထားရတဲ့ ရဲေတွအဖြစ်  လက်ကို ကြိုးတုပ်ခံထားရတဲ့ ရဲ ၂ ေယာက်ဓာတ်ပုံပို့စ်ကို ေဖ့စ်ဘွတ် အသုံးပြုသူ ေထာင်ဂဏန်းက ပြန်လည်မျှ ေဝလျှက်ရှိပါတယ်။ သို့ပေမဲ့ ဒီဓာတ်ပုံတွေဟာ တ ေအာင်းလက်နက်ကိုင်အဖွဲ့(TNLA)ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ မိုးကုတ်က ရဲတပ်ဖွဲ့ဝင် ၂ ဦးရဲ့ ဓာတ်ပုံအဖြစ် ၂၀၂၀ ခုနှစ်၊ ဇွန်လထဲမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာေတွ့ရပါတယ်။   “ငါ့တို့အဖွဲ့ကတော့ အဲလိုလုပ်ထားလိုက်ပီ အားရလား ဝမ်းသာလား တခုခုပြောခဲ့ 😂”အမည်နဲ့ “Jack P Si” ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ေထာင်ရှိပါတယ်။ ဒီေနရာနဲ့ ဒီေနရာမှာလည်း အလားတူမျှ ေဝထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ […]

Continue Reading

Fact Check: ဒီပုံတွေက ၂၀၂၀ ခုနှစ်က ပုဂံမှာ ရဲအဖွဲ့ ကင်းလှည့်ပုံဖြစ်တယ်

ပုဂံဘုရားများကို နောက်ခံပြုပြီး သေနတ်ကိုင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်အများအပြား လမ်းလျှောက်နေတဲ့ဓာတ်ပုံနဲ့ ညအမှောင်မှာ ဘုရားတစ်ဆူကို ဓာတ်မီးထိုးနေတဲ့ပုံတွေနှင့်အတူ ပုဂံဘုရားတွေက ပစ္စည်းတွေ ဖြုတ်နေဟန် လက်ရှိအဖြစ်အပျက်သဖွယ်ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူရာဂဏန်း ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ သို့ပေမဲ့ ဒီဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်ထဲမှာ ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။   “ပုဂံဘုရာကိုပုလိပ်ခွေးတွေ့ချီးတတ်လာပြီးဘုရာပစွည်းတွေ့ကုန်ပြီးမအလတွေ့”လို့ေရးသားပြီး “နော် မြသီတာ ဝင်း”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၉၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Bing မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ် ဇူလိုင် ၉ ရက်က ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်းက […]

Continue Reading