Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စစ်ခေါင်းဆောင် တရုတ်သမ္မတကို ကတိပေးတဲ့ သတင်းတု
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပေးလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်သာဖြစ်တယ်။ ရုရှားစစ်ရေးပြ အခမ်းအနားတက်ရောက်ချိန် ဘေးပေါက် တွေ့ဆုံမှုအနေနဲ့ မြန်မာစစ်တပ်ခေါင်းဆောင်နဲ့ တရတ်သမ္မတတို့ တွေ့ဆုံဆွေးနွေးမှုမှာ ဒီအကြောင်းအရာတွေ ပါဝင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ အောက်ပါစခရင်ရှော့ကတော့ မေ ၉ ရက်မှာ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ ဒီဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ “စစ်ကောင်းဆောင် ဂတိပေးလိုက်ရပြီ အပစ်ခတ်အားလုံး ရပ်တန့်ရန် တရုတ်သမ္မတ အမိန့်ပေး ဒေါ်စုကို အရေးပေါ် လွှတ်ရန်သဘောတူလိုက်ရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]
Continue Reading