Fact Check: ၂၀၁၃ ခုနှစ် ဖိလစ်ပိုင်မုန်တိုင်းက ဓာတ်ပုံကို လပွတ္တာမှာ မုန်တိုင်း ဝင်ရောက်ပုံအဖြစ်ဖော်ပြနေတဲ့သတင်းမှား
လပွတ္တာမှာ မုန်တိုင်းဝင်သွားပြီးနောက်အခြေအနေဆိုပြီးတော့ အပျက်အစီးမြင်ကွင်းဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သို့သော် ဒီသတင်းဟာ မှားပါတယ်။ ဓာတ်ပုံဟာလည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ဖိလစ်ပိုင်နိုင်ငံမှာ မုန်တိုင်းဝင်ရောက်ခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “ညနေ ၃နာရီ အခြေအနေပါလပွတ္တာပါ 🥺 အိမ်တွေ တော်တော်များများ အကုန်ပါကုန်ပြီဗျာ😢 ဂရုစိုက်ကြပါအမျိုးတို့ 💔 Photos Crd” စသည်ဖြင့် ရေးသားပြီး “PyaePhyo Zaw”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ်က အင်အားပြင်း ဆူပါတိုက်ဖွန် မုန်းတိုင်း ဟိုင်ယန်(Haiyan)ကြောင့် […]
Continue Reading