Fact Check: ကရင်တွေ စစ်တပ်ကို ထောက်ခံနေပုံလား-မဟုတ်ပါ

ကရင်အလံ၊ကရင်ဘာသာနဲ့ရေးသားထားတဲ့ စာတမ်းဓာတ်ပုံတစ်ချို့နှင့် ကရင်တွေက စစ်တပ်ထောက်ခံ ပွဲလုပ်နေတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ်မှာ  တပ်စခန်းများ ပြန်လည် ရုပ်သိမ်းပေးရေးအတွက် ဒေသခံတွေ ဆန္ဒပြနေပုံဖြစ်တာ Fact Crescendo Myanmar က သတိပြုမိပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်နဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  “NLDတွေ အထုပ်ပြင်ထားတော့ကွာ  ရွှေကရင် တွေကလဲ စစ်တပ်ကို ထောက်ခံကုန်ပြီး ဟေ့ ကုလားတပ်စိတ်နီပိန်းတွေ ပြေးလမ်းရှာထားကွ”လို့ရေးသားပြီး “ဖိုးသွန်းငယ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် တပ်စခန်းများ ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ စစ်တပ်က လမ်းဖောက်လုပ်တာရပ်ဆိုင်းဖို့အတွက် ဖာပွန်ခရိုင် လူသောမြို့က ဒေသခံတွေ ဒီဇင်ဘာလ […]

Continue Reading

Fact Check: ရွေးကောက်ပွဲနိုင်ခဲ့တဲ့ ကိုယ်စားလှယ် ၂၀၀ ဝန်းကျင် NLD ပါတီက နှုတ်ထွက်မယ်လို့ သတင်းမှားဖြန့်

NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ၂၀၀ ဝန်းကျင်ဟာ ပါတီကနေ နှုတ်ထွက်တော့မှာဖြစ်တဲ့အတွက် လာမည့်ကာလတွေမှာ NLD အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောဆိုထုတ်လွှင့်ချက်တွေပါတဲ့ ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက မျှဝေထားပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဒီ live ဗွီဒီယိုမှာ ဒီဇင်ဘာ၃၁ ရက်ညမှာ အစိုးရသက်တမ်းကုန်မှာလို့ ပြောထားသလို ဒီဇင်ဘာ ၃၁ ည ၁၂ နာရီကျော်တာနဲ့ တပ်မတော်က တာဝန်လွဲယူမယ်လို့လည်းပြောကြားထားပါတယ်။ အနိုင်ရတဲ့ NLD ပါတီအနေနဲ့လည်း အမတ် ၂၀၀ ဝန်းကျင်ကလည်း ပါတီကနေ နှုတ်ထွက်မှာဖြစ်တဲ့ အတွက် အစိုးရဖွဲ့နိုင်မှာ မဟုတ်ဘူးလို့ အဓိကအားဖြင့် ပြောဆိုမျှနေထားတာလည်း တွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်နဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဇင်ဘာ […]

Continue Reading

Fact Check: ဉပုသ်စောင့်၊ အလှူလုပ်ဖို့ ဘုန်းကြီးကျောင်းသွားရင် ထောက်ခံချက်ရမှ သွားရမယ်လို့ သတင်းမှားဖြန့်ဝေ

ဗုဒ္ဓဘာသာဝင်တွေ ဉပုသ်စောင့်၊အလှူပေးနဲ့ အခြားဝေယျဝစ္စဆောင်ရွက်လိုပါက ရပ်ကွက်ရုံးနဲ့ ဗလီဆရာများ ထောက်ခံချက်ရမှ ခွင့်ပြုတော့မယ်လို့ လူမှုကွန်ယက်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဖြန့်ဝေတဲ့ပို့စ်မှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဉီးအောင်ကိုပုံနှင့်တကွ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများသို့ ဗုဒ္ဓဘာသာဝင်များသွားရောက် ဉပုသ်စောင့်၊အလှူပေးနဲ့ အခြားဝေယျဝစ္စ ဆောင်ရွက်လိုပါက ရပ်ကွက်ရုံး သို့မဟုတ် ဗလီဆရာများ သို့မဟုတ် ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့များထံမှ ထောက်ခံချက်ယူပြီးမှ သွားခွင့်ပြုတော့မည်ဟု သာသနာရေးဝန်ကြီးဌာနမှ အမိန့်ထုတ်ပြန်တော့မယ်လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလိုရေးသားမျှဝေနေတာနဲ့ပတ်သက်ပြီး သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို Fact Crescendo Myanmar ကို ဆက်သွယ်အတည်ပြုရာမှာ အောက်ပါ အတိုင်းပြောပါတယ်။ “မဟုတ်ပါဘူး။ သတင်းမှားပါ။ […]

Continue Reading

Fact Check: NLD ကတိုင်းရင်းသားနက်ကိုင်တွေနဲ့ပေါင်းပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့ သတင်းမှားဖြန့်ဝေ

NLD ပါတီကတာဝန်ရှိသူတွေဟာ တိုင်းရင်းသားနက်ကိုင်တွေနဲ့ပေါင်းပြီး တပ်မတော်ကို တိုက်ထုတ်ပြီး မြို့တွေကို သိမ်းဖို့ ပြင်ဆင်နေတယ်လို့ လူမှုကွန်ယက်မှာ အသုံးပြုသူ ထောင်ဂဏန်းက မျှဝေနေတာတွေ့ရပါတယ်။ ဖြန့်ဝေတဲ့ပို့စ်မှာ ဒီလိုလုပ်ဖို့အတွက် NLD ပါတီ ဒုတိယ ဥက္ကဌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဇော်မြင့်မောင် ဟာ ” ဝ ” စစ်ရေး တာဝန်ခံ၊ ပလောင်သူပုန်အဖွဲ့မှ တာဖုန်းကျော် ၊ KIA မှ စစ်ရေးတာဝန်ခံ၊ ကိုးကန့် နယ်မြေ တာဝန်ခံတို့ တွေ့ဆုံ ဆွေးနွေး ပြီးတယ်လို့လည်း ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ” တပ်မတော်သားများ ဂရုစိုက်ကြပါ “ ======================== […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် OIC အတွင်းရေးမှူး တွေ့ဆုံသည့်ပုံကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာပြည်နယ်ပေးဖို့သဘောတူနေစဉ်ပုံလို့ရေးသားပြီး ဓာတ်ပုံတစ်ပုံကို လူမှုကွန်ယက်အသုံးပြုသူများအကြား မျှဝေနေတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစ္စလာမ်နဲ့သက်ဆိုင်တဲ့ ဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦး တွေ့ဆုံဆွေးနွေး နေပုံနှင့်အတူ ရိုဟင်ဂျာပြည်နယ်ပေးရေးသဘောတူခဲ့တယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် စက်တင်ဘာက ၂၀ ရက်က ကုသမဂ္ဂအထွေထွေ ညီလာခံသွား တက်ရောက်စဉ်မှာ ညီလာခံပြင်ပ တွေ့ဆုံမှုအနေနဲ့ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းရေးအဖွဲ့(OIC-Organization for Islamic Cooperation)အတွင်းအရေးမှူးချုပ် Iyad bin Ameen Madaniနဲ့ တွေ့ဆုံမှုပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ သို့သော်လည်း ဒီတွေ့ဆုံမှုမှာ ရိုဟင်ဂျာပြည်နယ် ပေးဖို့ဆွေးနွေးခဲ့တယ် ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်းမှုလွဲမှားစေတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  ဒီနေရာမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: ရန်ကုန် ကျောက်တန်းက အပန်းဖြေစခန်းကို မုံရွာနဲ့ ရွှေဘိုမှာရှိတဲ့ အပန်းဖြေစခန်းအဖြစ် မျှဝေနေ

“သူကြီးအိမ်”လို့ရေးသားထားတဲ့ ဆိုင်ဘုတ်တစ်ခုနှင့်အတူ ကျေးလက်ဒေသအလှဖော်မြင်ကွင်းဘန်ဂလိုများနဲ့ ဓာတ်ပုံတစ်ချို့ကို  မုံရွာမှာ မကြာခင်ဖွင့်လှစ်တော့မယ် သွားရောက်လည်ပတ်သင့်တဲ့ နေရာသစ် တစ်ခုဖြစ် ရေးသား မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထား တာတွေ့ရပါတယ်။ နေရာလေးကတော့ မုံရွာမြို့ကနေ မြစ်နောက်ဘက် ကနီ မြို့နယ် တွင်းမရွာနားမှာရှိပြီး မုံရွာကနေ တစ်နာရီခွဲ လောက်ပဲမောင်းရတယ်လို့လည်း ရေးသားထားပါတယ်။  သို့သော်လည်း ဒီပုံတွေဟာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် စင်မကောရွာမှာ တည်ဆောက်ထားတဲ့ သူကြီးအိမ် အပန်းဖြေစခန်းက ပုံတွေဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မျှဝေထား တဲ့ ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာလည်း အများစုက ဒီဓာတ်ပုံတွေဟာ အမှန်တကယ် မုံရွာနားက နေရာတစ်ခုအဖြစ် ယုံကြည်နေကြတာတွေ့ရပါတယ်။   ဒီဓာတ်ပုံတွေကိုပဲ ဒီဇင်ဘာ […]

Continue Reading

Fact Check: UEC ဉက္ကဌ၊အဖွဲ့ဝင်တို့နှင်ပတ်သက်သော ဝါဒဖြန့် သတင်းတု သတင်းမှားဆက်တိုက်ဖြန့်ဝေနေ

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအပြီးကတည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)တာဝန်ရှိသူတွေ မဲခိုးတယ်လို့ ဝန်ခံတယ်၊ နုတ်ထွက်တယ်ဆိုတဲ့  ပို့စ်တွေကို လူမှုကွန်ယက်မှာ မကြာခဏမျှဝေနေတာ တွေ့ ရပါ တယ်။ အဓိကအားဖြင့် ရွေးကောက်ပွဲမှာ မဲခိုးခဲ့ကြောင်း UEC နဲ့ NLD ပါတီတာဝန်ရှိသူတွေ ဝန်ခံ၊ UEC ဖျက်သိမ်းလိုက်ပြီ၊ အဖွဲ့ဝင်တွေနုတ်ထွက်ကုန်ပြီ၊ NLD ခေါင်းဆောင်တွေ မဲခိုးမှုနဲ့ ထောင်ကျတော့မယ်၊ ထွက်ပြေးဖို့ ပြင်နေပြီး စတဲ့ အကြောင်း အရာတွေကို ထပ်ဖန်တလဲလဲ အုပ်စုဖွဲ့ မျှဝေနေကြတာကို Fact Crescendo Myanmar က သတိပြု မိပါတယ်။ တကယ်တော့ ဒီအချက်အလက်တွေဟာ မှန်ကန်မှုမရှိဘဲ လူမှုကွန်ယက် အသုံးပြုသူတွေကို ရှုတ်ထွေး ဝေဝါးသွားစေတာတွေ့ရပါတယ်။ ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)ရုံးပိတ်ရက်မှာလည်း အခုလို သတင်းတုသတင်းမှားဖြန့်ဝေတဲ့ […]

Continue Reading

Fact Check: ယူအီးစီကို ဖျက်သိမ်းလိုက်ပြီးလို့ သတင်းမှားများဖြန့်ဝေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဖျက်သိမ်းလိုက်ပြီလို့ ရေးသားမျှဝေ ထားတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ UEC ဖျက်သိမ်းဖို့ ၁၀၀ ရာခိုင်နှုန်းသေချာသွားပြီ၊ UEC ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တွေကို ဒီဇင်ဘာ ၁၉ ရက်နဲ့ ဒီဇင်ဘာ ၂၀ ရက်ကြားမှာ ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ အရေးအသားနဲ့ မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ယူအီးစီ ကို ဖျက်သိမ်းပြီဟုသိရ မဲခိုးကြောင်းဝန်ခံ၍ မွှေမွှေ ပေါက်ကွဲနေပြီ အစိမ်းရောင်များ စေတနာမှန်တဲ့ ကံတရားပါ”လို့ ရေးသားပြီး “သီ ရိ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ […]

Continue Reading

Fact Check: မွတ်ဆလင်နဲ့ ခရစ်ယာန်ဘာသာရေးထုံးတမ်း စဉ်လာကို ဆန့်ကျင်တဲ့ အမိန့်ချလိုက်တဲ့အတွက် သီရိလင်္ကာတရားရုံးချုပ် မီးလောင်ဆိုတဲ့ သတင်းမှားဖြန့်ဝေ

မွတ်ဆလင်နဲ့ ခရစ်ယာန်ဘာသာရေးထုံးတမ်းစဉ်လာကို ဆန့်ကျင်တဲ့ အမိန့်ချပြီးနောက် သီရိလင်္ကာနိုင်ငံက တရားရုံးချုပ် အဆောက်အဦးဟာ မီးလောင်ကျွမ်းခံရတယ်လို့ ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ မျှဝေထားတာတွေ့ရပါတယ်။ ကိုဗစ်နဲ့ ကွယ်လွန်သူ မွတ်စလင်မ်တွေနဲ့ ခရစ်ယာန်တွေကို ဘာသာရေးထုံးတမ်းစဉ်လာအား ဆန့်ကျင်ပြီး မီးရှို့ခွင့် အမိန့်ချမှတ်ပြီးသည့် နောက်နေ့ညမှာပဲ တရားရုံးချုပ် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တာဖြစ်တယ် ဆိုပြီးတော့ သီရိလင်္ကာနိုင်ငံ တရားရုံးချုပ်မီးလောင်နေပုံကို ဖြန့်ဝေထားတာဖြစ်ပါတယ်။ ဒီလိုရေးသားမျှဝေထားတာဟာ မှားယွင်းတာတွေ့ရပါတယ်။ သီရိလင်္ကာတရားရုံးချုပ်မီးလောင်တာဟာ ဒီဇင်ဘာ ၁၅ ရက်ဖြစ်ပြီး ကိုဗစ်နဲ့ ကွယ်လွန်သူတွေကို မီးရှို့ဖို့ဆုံးဖြတ်ချက်ဟာ သီရိလင်္ကာမှာ မတ်လအစောပိုင်းကတည်း ချမှတ်ခဲ့တာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  “သီရိလင်္ကာတရားရုံးချုပ် အဇားဗ်ကျပါပြီ ကိုဗစ်နဲ့ ကွယ်လွန်သူ မွတ်စလင်မ်တွေနဲ့ ခရစ်ယာန်တွေကို ဘာသာရေးထုံးတမ်းစဉ်လာအား ဆန့်ကျင်ပြီး မီးရှို့ခွင့် အမိန့်ချမှတ်ပြီးသည့် နောက်နေ့ညမှာပဲ တရားရုံးချုပ် […]

Continue Reading

Fact Check: ဇန်နဝါရီ ၁ ရက်မှာ လက်ရှိအစိုးရသက်တမ်းကုန်ပြီး ကာ/ချုပ်က ၂ လအုပ်ချုပ်မယ်လို့ သတင်းမှားဖြန့်

လာမည့် နှစ်ပတ်အတွင်း အစိုးရသက်တမ်းကုန်မည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ၂ လာတာအုပ်ချုပ်မယ်လို့ ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ ရပါတယ်။ လက်ရှိအစိုးရသက်တမ်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ သက်တမ်းကုန်မည်ဖြစ်ပြီး အစိုးရသစ်ဖွဲ့ဖို့အတွက် လွှတ်တော်ကို မတ် ၁ ရက်မှာခေါ်မည်ဖြစ်ကာ ကာကွယ်ရေးဦးစီးချုပ်က မတ် ၁ ရက်နေ့အထိ ၂ လတာအုပ်ချုပ် မယ်လို့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ကာ လုံ ခေါ်လိုက် ပြီတဲ့ မျိုးချစ်တို့ရေ….. ပြင်ထားပေတော့ !!! UEC..ရေ ၁-၁-၂၀၂၁- အစိုးရသက်တမ်းကုန် ပြီ […]

Continue Reading