Fact Check: ရွေးကောက်ပွဲနိုင်ခဲ့တဲ့ ကိုယ်စားလှယ် ၂၀၀ ဝန်းကျင် NLD ပါတီက နှုတ်ထွက်မယ်လို့ သတင်းမှားဖြန့်

False နိုင်ငံရေး

NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ၂၀၀ ဝန်းကျင်ဟာ ပါတီကနေ နှုတ်ထွက်တော့မှာဖြစ်တဲ့အတွက် လာမည့်ကာလတွေမှာ NLD အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောဆိုထုတ်လွှင့်ချက်တွေပါတဲ့ ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက မျှဝေထားပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ ဒီ live ဗွီဒီယိုမှာ ဒီဇင်ဘာ၃၁ ရက်ညမှာ အစိုးရသက်တမ်းကုန်မှာလို့ ပြောထားသလို ဒီဇင်ဘာ ၃၁ ည ၁၂ နာရီကျော်တာနဲ့ တပ်မတော်က တာဝန်လွဲယူမယ်လို့လည်းပြောကြားထားပါတယ်။ အနိုင်ရတဲ့ NLD ပါတီအနေနဲ့လည်း အမတ် ၂၀၀ ဝန်းကျင်ကလည်း ပါတီကနေ နှုတ်ထွက်မှာဖြစ်တဲ့ အတွက် အစိုးရဖွဲ့နိုင်မှာ မဟုတ်ဘူးလို့ အဓိကအားဖြင့် ပြောဆိုမျှနေထားတာလည်း တွေ့ရပါတယ်။ 

လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်နဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဇင်ဘာ ၃၁ ရက်ည ၈ နာရီဝန်းကျင်မှာ “ရာပြည့်ကျော်” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ၂၇ မိနစ်နဲ့ ၃၂ စက္ကန့်အကြာ live ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ၂၄ နာရီအတွင်း ဒီဗွီဒီယိုကို ပြန်လည် မျှဝေမှု ၃ ထောင် ၄ ရာကျော်ရှိခဲ့ပါတယ်။ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ် ၂၀၀ ဝန်းကျင်နှုတ်ထွက်တော့ မယ် ရေးသားမျှဝေခဲ့တဲ့ ပို့စ်တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရ ပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အစိုးရသက်တမ်းကုန်မှာဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ၂ လတာအုပ်ချုပ်မယ် လို့ ရေးသားပြီး သတင်းမှားဖြန့်ဝေခဲ့တာကို Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

ရွေးကောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ် ၂၀၀ ဝန်းကျင် NLD ပါတီကနေ နှုတ်ထွက်မယ်ဆိုပြီး ပြောဆိုမျှဝေနေတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုပြန်ကြားရေး ကော်မတီဝင် မုံရွာအောင်ရှင်ကို  Fact Crescendo Myanmar ကဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်း ပြောပါတယ်။

“မဟုတ်တာလျှောက်ရေးတာပါ။ မဟုတ်ပါဘူး။ (လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့)သူတို့ကိုယ်သူတို့တောင်မှ အပယ်မခံရအောင် မနည်း ကြိုးစားနေရတာ ဘယ်လိုလုပ်ပြီးတော့ နှုတ်ထွက်မလဲ။ အဲဒါမဟုတ်ပါဘူးလို့ပဲ ပြောချင်ပါတယ်။မရှိနိုင်ပါဘူး။ ဘယ်တော့မှလဲ ရှိပါမဟုတ်ပါဘူး”

ယခုရက်ပိုင်းအတွင်းမှာ NLD ကတိုင်းရင်းသားနက်ကိုင်တွေနဲ့ပေါင်းပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့ သတင်းမှားဖြန့်ဝေခဲ့ ပါသေးတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဗွီဒီယိုမှာပါတဲ့  ဇန်နဝါရီ ၁ ရက်မှာ အစိုးရသက်တမ်းကုန်ပြီ၊ တပ်မတော်က အာဏာရယူမယ်၊ ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ်  ၂၀၀ ဝန်းကျင် ပါတီကနေနှုတ်ထွက်တော့ မယ်ဆိုတဲ့ အချက်အလက်တွေဟာ ထင်ယောင်ထင်မှားဖြစ်အောင် မျှဝေနေတဲ့ သတင်းတု သတင်းမှားထုတ်လွှင့်နေခြင်းဖြစ်ပါတယ်။

Avatar

Title:ရွေးကောက်ပွဲနိုင်ခဲ့တဲ့ ကိုယ်စားလှယ် ၂၀၀ ဝန်းကျင် NLD ပါတီက နှုတ်ထွက်မယ်လို့ သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *