Fact Check: ဒီဇင်ဘာ ၁၁ One Championship ပွဲမှာ အောင်လအန်ဆန် ပါဝင် ထိုးသတ်မယ်လို့ သတင်းမှားဖြန့်

ဒီဇင်ဘာ ၁၁ ရက်မှာ အောင်လအန်ဆန်နဲ့ ဂျိုနသန်ဟတ်ဂရီတို့ ယှဉ်ပြိုင်ထိုးသတ်မယ်ဆိုပြီးတော့ ပို့စ်တစ်ခု မျှဝေထားတာရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ စင်ကာပူမှာ ဒီဇင်ဘာ ၁၁ ရက်မှာ One Championship ရဲ့ BIG BANG II ရဲ့ အဓိကပြိုင်ဘက်တွဲများအဖြစ် အောင်လအန်ဆန်(Aung La N Sang)နဲ့ ဂျိုနသန်ဟတ်ဂရီ(Jonathan Haggerty)တို့ ထိုးသတ်မှာဖြစ်တယ် ဆိုပြီးတော့ ကြော်ညာပုံနှင့်တကွ မျှဝေထားတာဖြစ်ပါတယ်။   One Championship ပြိုင်ပွဲရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ရှာဖွေရာမှာ ဒီဇင်ဘာ ၁၁ ရက်ထိုးသတ်မယ့် လက်ဝှေ့ပွဲမှာ အောင်လအန်ဆန်မပါဝင်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီဇင်ဘာ ၂ ရက်ကလည်း […]

Continue Reading

Fact Check: နန်းယွန်းမှာ NLD ပါတီက နာဂလက်နက်ကိုင်အဖွဲ့နဲ့ပေါင်းပြီး ခြိမ်းခြောက် မဲထည့်ခိုင်းလို့ မဲနိုင်တယ်လို့ သတင်းမှား

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ နန်းယွန်းမှာ NLD ပါတီက နာဂ လက်နက်ကိုင်အဖွဲ့နဲ့ပေါင်းပြီး ဒေသခံတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတယ်လို့ ရေးသားထားတဲ့ပို့စ်တစ်ခုကို ၃ ရက်အတွင်း လူမှုကွန်ယက် အသုံးပြုသူ ၂၅၀၀ ကျော်က ပြန်လည်မျှဝေထားပါတယ်။ ဒီဇင်ဘာ ၆ ရက်က Ye Myo Sitt အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ NLD ပါတီက လူထုကိုခြိမ်းခြောက်ပြီး မဲထည့်ခိုင်းဖို့အတွက် နာဂ လက်နက်ကိုင်အဖွဲ့ကို ငွေပေးခဲ့တယ်လို့ ရေးသားထားတာဖြစ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဉက္ကဌလည်းပါဝင်ပြီး ဒီသတင်းကို ရဲတပ်ဖွဲ့စုံစမ်းနေ တယ်လို့ ရေးသား မျှဝေထားတာဖြစ်ပါတယ်။   ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။  နာဂဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်း၊ အမျိုးသားဒီမိုရေးစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွှန့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဌ […]

Continue Reading

Fact Check: – တောင်ဒဂုံက အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁)မှာ မဲပေးသူဦးရေထက် ၁၀မဲပိုနေခဲ့တယ်ဆိုတာမဟုတ်ပါ

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁) မှာ မဲပေးသူ ဦးရေထက် ၁၀မဲပိုနေခဲ့တယ်ဆိုပြီးရေးသားမျှဝေထားတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံခဲ့တဲ့ပို့စ်ဟာ သတင်းတု သတင်းမှားဖြစ်တာ တွေ့ရပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ မဲရုံတစ်ရုံက မဲစာရင်းရလာဒ် ပုံစံလို့ထင်ရတဲ့ ဓာတ်ပုံတစ်ပုံနဲ့ အတူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၂၃)ရပ်ကွက် မဲရုံအမှတ်(၁) မှာ မဲပေးသူ ဦးရေထက် ၁၀မဲပိုနေခဲ့ တာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်က လက်မှတ်ထိုးပြီး အတည်ပြုပေးခဲ့တယ်လို့ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်။   ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှား ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဒီဇင်ဘာ ၇ ရက်ကထုတ်ပြန်ခဲ့ပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ သတင်းပုံစံနဲ့ရေးသားထားတဲ့ ဒီပို့စ်မှာ သတင်းရေးသားတဲ့ရက်ကို ဒီဇင်ဘာ ၂ လို့ ရက်စွဲ တပ်ထားပြီး လူမှုကွန်ယက်မှာ […]

Continue Reading

Fact Check: – အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသားအကြံပေး ၉၀ ခန့်ထားတယ်ဆိုတဲ့ သတင်းမှားဖြန့်

နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေးတွေ ခေါ်ယူခံထားမှုကြောင့် လျို့ဝှက်ချက်တွေကို ပေါက်ကြားနေရတယ်လို့ ရေးသားမျှဝေလျက်ရှိတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ ခေါ်ယူ ထားတဲ့ နိုင်ငံခြားသား အကြံပေး ၉၀ ရှိပြီး နိုင်ငံတော် အဆင့် လျှို့ဝှက်ရမည့် ကိစ္စ ၊ စီးပွားရေး ၊ ပညာရေး ၊ လူမှူရေး ၊ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ဆက်ဆံရေး၊ တပ်မတော်ရဲ့ ထိပ်တန်းလျှိုဝှက်၊ နိုင်ငံရေးအခြေနေ ၊ နိုင်ငံတော် ရဲ့ ရှေ့ဆက်သွား မည့် မူဝါဒ လမ်းစဉ်များအား ပေါက်ကြား လျက်ရှိတယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။  နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ နိုင်ငံခြားသား အကြံပေး ၉၀ ခန့်ထားတယ်ဆိုတာ မဟုတ်ကြောင်း Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း […]

Continue Reading

Fact Check: ရွေးကောက်ပွဲပြန်လုပ်မပေးရင် ပြည်ခိုင်ဖြိးကိုယ်စားလှယ်များ လွှတ်တော်မတက်တော့လို့ သတင်းမှားဖြန့်

ရွေးကောက်ပွဲပြန်လုပ်မပေးရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရ ကိုယ်စားလှယ်များ လွှတ်တော်မတက်တော့ဘူးလို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်က ပြန်လည်မျှဝေထားပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။ “ရွေးကောက်ပွဲ ပြန်မလုပ်ပေးရင် ပြည်ခိုင်ဖြိုး အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ တတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေက နုတ်ထွက်ပါတော့မယ်။” လို့ရေးသားပြီး “Union Politics” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုဝင်ဘာ ၃၀ ရက်က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၀၀ ကျော်ရှိခဲ့ပါတယ်။ ဒီပို့စ်ကို screenshot ရိုက်ပြီး ပြန်လည်မျှဝေထားတာကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလို ရွေးကောက်ပွဲပြန်လည်ကျင်းပခြင်းမပြုရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနိုင်ရ […]

Continue Reading

Fact Check: ရွေးကောက်ပွဲမှာ NLD နိုင်ရဖို့ မဲရုံမှုးတွေ ဉပဒေတွေချိုး ဖောက်ပြီး ဘက်လိုက်ခဲ့ကြောင်း UEC အဖွဲ့ဝင် ဦးမြင့်နိုင်ဝန်ခံတယ်လို့ သတင်းတုဖြန့်

ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနိုင်ရဖို့အတွက်မဲရုံမှုးတွေက ဉပဒေချိုးဖောက် ဘက်လိုက်ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင် ဦးမြင့်နိုင်ကဝန်ခံလိုက် တယ်ဆိုပြီး တော့ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကိုလူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းဝန်းကျင်က ပြန်လည်မျှဝေထားပါတယ်။  ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ UEC အဖွဲ့ဝင် ဦးမြင့်နိုင်ဓာတ်ပုံနှင့်အတူ NLD ပါတီကို အနိုင်ရစေလိုတဲ့ အတွက် မဲရုံမှူးတွေက တစ်ယောက်ထဲကနေ မဲနှစ်ကြိမ်ပေးခိုင်းတာ၊ မှတ်ပုံတင်မရှိသူ၊ သေဆုံးပြီးသူများကို မဲပေးခိုင်းတာ၊ အသက် (၁၈) နှစ်မပြည့်သေးသူကို မဲပေးခိုင်းတာ၊ NLD ပါတီကိုမဲပေးရင် ပယ်မဲဖြစ်သည့်တိုင် ပယ်မဲမလုပ်တာ၊ မဲရုံပိတ်ချိန် နောက်ပိုင်း မဲများပေးခိုင်းတာတွေ လုပ်ဆောင်ပေးခဲ့တာမှန်ကန်ကြောင်း UEC တွင်း/မှူး ဦးမြင့်နိုင်မှ ဝန်ခံ ပြောကြားလိုက်တယ်လို့ ရေးသားမျှဝေထားခြင်းဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း အလားတူ […]

Continue Reading

Fact Check: – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၆ ဦးနုတ်ထွက် စာတင်တယ်ဆိုတဲ့ သတင်းမှား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဉက္ကဌအပါအဝင် အဖွဲ့ဝင် ၆ ဦးထက်မနည်း နုတ်ထွက်စာတင်လိုက် တယ်ဆိုပြီးရေးသားမျှဝေထားတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ တပ်မတော်မှ စုံစမ်းစစ်ဆေးဖို့ မဲစာရင်းစာရွက်စာတမ်းများတောင်းကြည့်စဉ်မှာ  UEC ဉက္ကဌအပါအဝင် အဖွဲ့ဝင် ၆ ဦးထက်မနည်းနုတ်ထွက်သွားတာဖြစ်တယ် ပြောဆိုရေးသားမျှဝေနေတာ ဖြစ်ပါ တယ်။  ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှား ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီးကတည်းက ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတာ Fact Crescendo Myanmar အနေနဲ့ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။  “UEC ကော်မရှင်မှ ခေါင်းဆောင်အပါဝင် အဖွဲ့ဝင် ၆ ဦးထက်မနဲ နှုတ်ထွက်စာ တင်ခြင်း  တပ်မတော်မှ စုံစမ်းစစ်ဆေးရမည့် […]

Continue Reading

Fact Check: နားလည်မှုလွှဲမှားစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကုသနည်း ၇ မျိုးနဲ့ ကာကွယ်နည်း ၈ ချက်ပျံ့နှံ့နေ

ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ အလွယ်တကူ စစ်ဆေးနည်း၊ ကာကွယ်နည်းနဲ့ ကုသနည်းအဖြစ် မျှဝေလျက်ရှိတဲ့ ပို့စ်တစ်ခုဟာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပြီး လူမှုကွန်ယက်အသုံးပြုသူတွေ ကို လူပေါင်းများစွာကိုနားလည်မှုလွဲမှားစေနိုင်တာ တွေ့ရပါတယ်။ ပျံ့နှံ့ အသက်ပြင်းပြင်းရှူပြီး ၁၀ စက္ကန့် ​အောင့်ထားနိုင်ရင် ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ သိနိုင်ပြီး အလွယ်ဆုံးကာကွယ်မှု အဖြစ် အိပ်ရေးဝဝအိပ်၊ မနက်စာပုံမှန်စား၊ ဒိန်ချဉ်သောက်၊ ကြက်သွန်ဖြူ များများစား၊ ပျားရည် ဂျင်းပြုတ်ရည် သံပုရာရည်​သောက်၊ ​နေ့လည်မှာ လက်ဖက်ရည်သောက် စသည်ဖြင့် အချက် ၈ ချက်အကြံပြုထားပါတယ်။ ကုသနည်းအဖြစ် ခရမ်းလွန်​ရောင်ခြည် ၊အပူချိန် ၅၆ ဒီဂရီစတီဂရိတ်ပူချိန်မြင့်တာ၊ ​လေဝင်​လေထွက်ရှိတဲ့ ​​နေရာ၊ ကလိုရင်း ပိုးသတ်​ဆေး ၊အရက် ၇၅ ရာခိုင်နှုန်းပါဝင်တာ၊လက်​တွေကို မကြာခန ဆေး​ကြောတာနဲ့ ကိုယ်ခံအား ကောင်းခြင်းပဲဖြစ်တယ်လို့လည်းရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ […]

Continue Reading

Fact Check: မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင် ဝန်ခံလို့ သတင်းမှားဖြန့်

အောက်ခြေမဲရုံတွေမှာ မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်ဝန်ခံလိုက်တယ်လို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။  ပျံ့နှံခဲ့တဲ့ ပို့စ်တွေမှာ အောက်ခြေမဲရုံတွေမှာ မဲခိုးခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်ဝန်ခံလိုက်ပြီး ဒီလိုမဲခိုး တာဟာ NLD ပါတီဝန်းရံသူများက ပါတီကို နိုင်လိုဇောနဲ့ ခိုးပေးခဲ့ခြင်းဖြစ်တယ်လို့ပြောကြားကြောင်း ရေးသား မျှဝေနေတာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်တွေကိုအောက်ပါအတိုင်းတွေ့ရ ပါတယ်။  “ဝန်မခံလို့မရတော့ဘူးလေ ပညာရေးဌာနက သင်ကြားရေးဝန်ထမ်းတွေ မဲမသမာမှူ့ပြုခဲ့တာမှန်ကန်ကြောင်း UEC ကဝန်ခံခဲ့တယ် ပြည်ခိုင်ဖြိုးပါတီကလည်း (26-11- 2020)ရက်နေ့မှာ သက်သေအထောက်ထားခိုင်လုံစွာနဲ့ကမ္ဘာသိချပြပြီးပြီ အထို့အတူပါဘဲ့ တပ်မတော်ကလည်း (27-11-2020)ရက်နေ့မှာ သက်ဆိုင်ရာမဲရုံအလိုက်စစ်ဆေးနေပြီ ပြောသင့် ပြောထိုက်တဲ့အချိန် ပြောမယ်လို့ ချပြပြီ ဒါကြောင့်မို့ထင်တယ် ကြိုကာထားဟန်ရှိပါတယ် အစိုးရလည်း UEC သည်သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် အစိုးရနှင့်မဆိုင် လွဲချပြီ UEC ကလည်း အောက်ခြေကပြဿနာ ကျွန်တော်တို့နဲ့မဆိုင်ဟု အောက်ခြေကိုဘဲ လွဲချပြီ […]

Continue Reading

Fact Check: ICJ တရားရုံးကကာကွယ်ရေးဦးစီးချုပ်ကို နာမည်တပ်ဆင့်ခေါ် ထားတယ်ဆိုတာ မဟုတ်ပါ

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အမည်တပ်ဆင့်ခေါ်ထားပြီး ကာကွယ် ရေးဦးစီးချုပ်အနေနဲ့ သွားရောက်ဖြေရှင်းမှာမဟုတ်ဘူးလို့ရေးသားမျှဝေလျက်ရှိရာမှာ လူမှုကွန်ယက် အသုံးပြုသူ ရာဂဏန်းဝန်းကျင်ကပြန်လည်မျှဝေထားပါတယ်။  ICJ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အမည်တပ်ဆင့်ခေါ်ထားပြီး မြန်မာနိုင်ငံ အနေနဲ့ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အတွက် သွားရောက်ဖြေရှင်းမှာမဟုတ်ဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ပြောတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကိုအောက်ပါအတိုင်းတွေ့ ရ ပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း အလားတူ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ “မြန်မာ့တပ်မတော်ဆိုတာဒါမျိူးကိုခေါ်တာ ပေါက်တယ်နော်ခွေးနီပိန်းလေးများ ရှင်း တယ် နော် ICJ ကိစ္စ တပ်မတော်ကာချုပ်အမည် BY NAME တပ် ဆင့်ခေါ်သည်မှန်သော်လည်း မြန်မာပြည်သည် ICC „ ICJ အဖွဲ့သို့မဝင်ထားသဖြင့် သွားရောက်ဖြေရှင်းမည် မဟုတ်ကြောင်း  တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ […]

Continue Reading