Fact Check: သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတဲ့  သတင်းတု

သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရှိထားတယ်။  “ည ၇နာရီ ကျော် လွှတ်‌ပေးနေပြီ သမ္မတ ဦးဝင်းမြင့် နေအိမ်ပြန်ပို့ပြီ အမေစု သတင်းထူးပါလာပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ ဗွီဒီယိုအစမှာ ပြသတဲ့ရုပ်ကပ်မှာ […]

Continue Reading

Fact Check: လွှတ်ပေးဖို့ AA ရာဇသံပေးပြီးနောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာရက္ခတပ်တော်(AA)က ရာဇသံပေးလိုက်ပြီးနောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  Also read – Fact Check: ၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ AA ရာဇသံပေးတဲ့ သတင်းတု ဒီဇင်ဘာ ၁၀ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “UNထက် အစွမ်းထက်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဒေါ်စုကိုလွှတ်ပေးပါက ရခိုင်တိုက်ပွဲရပ်ပေးမယ်လိုပြောပြီး (၆)နာရီအကြာ ဒေါ်စုကို စစ်တပ်ကလွှတ်ပေးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ […]

Continue Reading