Fact Check: NUG ကို အစိုးရအဖြစ် ကုလကြေညာဆိုတဲ့ သတင်းတု

NUG ကို အစိုးရအဖြစ် ကုလသမဂ္ဂက အတည်ပြုကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “NUG ကိုအစိုးရအဖြစ်တင်မြှောက်လိုက်ပြီ NUGသာမြန်မာအစိုးရအဖြစ်ကုလကြေငြာလိုက်ပြီ အာဏာလုစစ်ကောင်စီငါးပါးမှောက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကိုပြန်လည် ဖော်ပြရာမှာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ကာဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myammar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင်ခ့်မှာကြည့်ပါ။ NUG ကို အစိုးရအဖြစ် ကုလသမဂ္ဂက အတည်ပြုကြေညာလိုက်တယ်ဆိုတဲ့ […]

Continue Reading

Fact Check: တရုတ်မှာ NUG ရုံးခန်းဖွင့်ခွင့်ရတဲ့ သတင်းတု

NUG အစိုးရဟာ တရုတ်နိုင်ငံမှာ ရုံးခန်းဖွင့်လှစ်ခွင့်ရပြီး တရုတ်သမ္မတကလည်း တရားဝင်အစိုးရအဖြစ် ကြေညာလိုက်ပြီးလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၂၂ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၄၀၀၀၀ ကျော်ရရှိ ထားတယ်။ အလားတူတဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “တစ်နိုင်ငံလုံး ထခုန်နေကြပြီ  အောင်ပြီ  NUGကို အစိုးရဟု တရုတ်သမ္မတကြေငြာ  တရုတ်နိုင်ငံမှာ NUGရုံးခန်း ဖွင့်ခွင့်ရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Naypudaw Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: NUG ကိုတရားဝင်အစိုးရအဖြစ်ကုလသမဂ္ဂထုတ်ပြန်ကြေညာတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို တရားဝင်အစိုးရအဖြစ်ကုလသမဂ္ဂထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ  ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဒီဇင်ဘာ ၅ ရက်က ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။   “နိုင်ငံတကာအသိမှတ်ပြုခံရပြီဟေ့ NUGကိုတရားဝင်အစိုးရအဖြစ် ဒီနေ့ပဲ ကုလမှ အတည်ပြု ထုတ်ပြန် ကြေညာပြီ”စသည်ဖြင့်ရေးသားထားပါတယ်။ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Yotube link | Archive link ဒီဇင်ဘာ ၆ ရက်မှာတော့ ဒီယူကျူ့ချန်နယ်ကပဲ အလားတူတဲ့ရေးသားမျှဝေတခုထပ်မံမျှဝေခဲ့ပါတယ်။ ဒီအခါမှာတော့  NUG ကို ကမ္ဘာကအသိအမှတ်ပြုသင့်ပြီလို့ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်က ထုတ်ပြောတယ်လို့ ဆိုထားပါတယ်။  ဒီနေရာမှာကြည့်ပါ။ ဒီဗွီဒီယိုဟာလည်း ကြည့်ရှူ့မှုပေါင်း ၁ သိန်း ၂ သောင်းကျော်ရှိပါတယ်။ […]

Continue Reading

Fact Check: အစိုးရနဲ့ တပ်မတော်ဆွေးနွေးမှုအပြီး စစ်ရေးပြင်နေပုံလား- မဟုတ်ပါ

အစိုးရနဲ့တပ်မတော်ဆွေးနွေးမှု မအောင်မမြင်ဖြစ်ပြီးနောက် တပ်မတော်ဘက်က စစ်ရေးလုပ်ရှားမှုအဖြစ် စစ်ကားတွေတန်းစီနေတဲ့ပုံနဲ့ စစ်သားတွေ မြေနီလမ်းတစ်ခုမှာ ရပ်နေပုံတို့ကို လူမှုကွန်ယက်မှာ မျှဝေလျက်ရှိ တာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပြီးခဲ့တဲ့နှစ်များအတွင်း ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာ တွေ့ရပါတယ်။  “နိုင်ငံရေးဆွေးနွေးချင်ရင် တတိယအကြိမ်လွှတ်တော် ခေါ်ဆိုထားမှုကို ရပ်ဆိုင်းပေးရမယ်လို့ တပ်မတော်ရဲ့ တောင်းဆိုချက်ကို NLD အစိုးရက ငြင်းဆန်အပြီး နာရီပိုင်းအတွင်း ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်များပါ။ မဲအငြင်းပွားမှုပြဿနာများကို မဖြေရှင်းပဲ တတိယအကြိမ် လွှတ်တော်ခေါ်မယ်ဆိုရင် တပ်မတော်ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမယ့် အနေအထားကို တွေ့ရပါတယ်။”စသည်ဖြင့် ရေးသားလျှက် “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ “လမ်းပေါ်ရောက်ကုန်ပီး”လို့ရေးသားလျှက် “မဉ္ဇူသက်ထား”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  | […]

Continue Reading

Fact Check: ယူအီးစီကို ဖျက်သိမ်းလိုက်ပြီးလို့ သတင်းမှားများဖြန့်ဝေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဖျက်သိမ်းလိုက်ပြီလို့ ရေးသားမျှဝေ ထားတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ UEC ဖျက်သိမ်းဖို့ ၁၀၀ ရာခိုင်နှုန်းသေချာသွားပြီ၊ UEC ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တွေကို ဒီဇင်ဘာ ၁၉ ရက်နဲ့ ဒီဇင်ဘာ ၂၀ ရက်ကြားမှာ ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ အရေးအသားနဲ့ မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ယူအီးစီ ကို ဖျက်သိမ်းပြီဟုသိရ မဲခိုးကြောင်းဝန်ခံ၍ မွှေမွှေ ပေါက်ကွဲနေပြီ အစိမ်းရောင်များ စေတနာမှန်တဲ့ ကံတရားပါ”လို့ ရေးသားပြီး “သီ ရိ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ […]

Continue Reading

Fact Check: ဇန်နဝါရီ ၁ ရက်မှာ လက်ရှိအစိုးရသက်တမ်းကုန်ပြီး ကာ/ချုပ်က ၂ လအုပ်ချုပ်မယ်လို့ သတင်းမှားဖြန့်

လာမည့် နှစ်ပတ်အတွင်း အစိုးရသက်တမ်းကုန်မည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ၂ လာတာအုပ်ချုပ်မယ်လို့ ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ ရပါတယ်။ လက်ရှိအစိုးရသက်တမ်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ သက်တမ်းကုန်မည်ဖြစ်ပြီး အစိုးရသစ်ဖွဲ့ဖို့အတွက် လွှတ်တော်ကို မတ် ၁ ရက်မှာခေါ်မည်ဖြစ်ကာ ကာကွယ်ရေးဦးစီးချုပ်က မတ် ၁ ရက်နေ့အထိ ၂ လတာအုပ်ချုပ် မယ်လို့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ကာ လုံ ခေါ်လိုက် ပြီတဲ့ မျိုးချစ်တို့ရေ….. ပြင်ထားပေတော့ !!! UEC..ရေ ၁-၁-၂၀၂၁- အစိုးရသက်တမ်းကုန် ပြီ […]

Continue Reading