Fact Check: တရုတ်က အမေရိကန်ကို စတင်ပစ်လိုက်ပြီး တတိယကမ္ဘာစစ် ကြေညာလိုက်ပြီဆိုတဲ့ တင်းတု

တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်ခဲ့တာကြောင့် တတိယကမ္ဘာစစ်စတင်လိုက်ပြီဖြစ်ပြီး ကမ္ဘာပျက်ပြီလို့ ဆိုကာ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၅၀၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ “တတိယကမ္ဘာစစ်ကြီး ကြေညာပြီဗျို့  ကမ္ဘာပျက်ပြီ တရုတ်က အမေရိကန်ကို စပစ်နေပြီ မသေမချင်ရင် အမြန်ဆုံး နားထောင်သင့်တယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက သတင်း‌ဖော်ပြချက် မတွေ့ရပါဘူး။ တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ တကယ်တမ်းမှာ […]

Continue Reading

Fact Check: အာဏာသိမ်းစစ်တပ်ကို အမေရိကန် စစ်ကြေညာမှု သတင်းတု

မြန်မာအာဏာသိမ်းစစ်တပ်ကို အမေရိကန်က စစ်ကြေညာမှု သတင်းတုဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံဖြစ်တယ်။ အလားတူတဲ့ဖြန့်ဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။  “အမေရိကန် က စစ်ရေးနဲ့စကားပြောပြီ ဒေါ်စု ချက်ချင်းလွှတ်ရမည် နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံ မလွှတ်ရင် ယူကရိန်းလိုမျိုး NUG ကို တရားဝင်လက်နက် တပ်ဆင်‌ပေးမည်” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်ပြောဆိုချက်မှာလည်း ဒီလိုပါပဲ။ “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေမှုမှာတော့ မြန်မာစစ်တပ်ကို အမြစ်ဖြတ်ဖို့ လက်နက်နဲ့တိုက်ခိုက်မှရမယ်လို့ အမေရိကန်က တရားဝင်စစ်ကြေညာလိုက်ပြီလို့ ရေးသားထားရာ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရရှိထားပါတယ်။ ဒီနေရာမှာ ကြည့်ပါ။ “စစ်တပ်ကို အမြစ်ဖြတ်ဖို့ ဆုံးဖြတ်ပြီ […]

Continue Reading

Fact Check: မြန်မာပြည်တွင်းရေး မစွက်ဖက်ဖို့ တရုတ်ကို အမေရိကန် သမ္မတ ပြင်းပြင်း ထန်ထန်သတိပေးဆိုတဲ့ သတင်းတု

မြန်မာပြည်တွင်းရေး မစွက်ဖက်ဖို့ တရုတ်ကို အမေရိကန် သမ္မတ ပြင်းပြင်း ထန်ထန်သတိပေးတယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုမှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖြန့်ဝေထားတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ပွဲ ရပ်ရန် ပြောတဲ့တရုတ် ပြဿနာတက်ပြီ နိုင်ငံကြီးတွေက တရုတ်ကို ပေါ်တင် သတိပေးလာပြီ မြန်မာ့အရေး ဝင်ရောက်စွပ်ဖက်မှု ကန်သမ္မတ ပြင်းထန် ဝေဖန်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် အခုလိုပဲ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်းခေါင်းစဉ်တုတွေတပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ […]

Continue Reading

Fact Check: စစ်ကောင်စီကို ဖယ်ရှားဖို့ အမေရိကန်နဲ့ ဗြိတိန်ဦးဆောင်ပြီး နိုင်ငံပေါင်း ၉၃ နိုင်ငံကြေညာတဲ့ သတင်းတု

စစ်ကောင်စီကို ဖယ်ရှားဖို့ အမေရိကန်နဲ့ ဗြိတိန်ဦးဆောင်ပြီး နိုင်ငံပေါင်း ၉၃ နိုင်ငံကြေညာတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အရေးပေါ်ကြေညာလိုက်ပြီ  အမေရိကန်နဲ့ဗြိတိန် ဦးဆောင်ပြီ  စစ်ကောင်စီကိုဖယ်ရှားရန်(၉၃)နိုင်ငံကြေငြာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ဘီဘီစီမြန်မာပိုင်းမှာဖော်ပြခဲ့တဲ့ “မြန်မာကို နိုင်ငံသားတွေခရီးမသွားဖို့ တားမြစ်ချက် ယူကေအပြင် အမေရိကန်ပါထပ်ပြော”ဆိုတဲ့ သတင်းကို […]

Continue Reading

Fact Check: KNDF ကိုလေယာဉ်ပစ်လက်နက် အမေရိကန်ပေးမယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ကိုလေယာဉ်ပစ်လက်နက်ပေးဖို့ အမေရိကန် အတည်ပြု ကြေညာလိုက်တယ်လို့ဆိုထားတဲ့ သတင်းမှားပို့စ်တစ်ခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရရှိ ထားတယ်။ “အမေရိကန်ကတော့ အလုပ်နဲ့ သက်သေပြလိုက်ပြီ KNDF ကို လေယာဉ်ပစ်လက်နက်ပေးဖို့ အမေရိကန် အတည်ပြုကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖော်ပြထားတဲ့ Mandalay Khit Thit အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ သို့မဟုတ် ဖေ့စ်ဘွတ်အသုံးပြုတွေက မူလက ဖော်ပြခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တွေ သို့မဟုတ် […]

Continue Reading

Fact Check: အမေရိကန်ဆီက စစ်ရေးအကူအညီရကြောင်း NUG ပြောတဲ့ သတင်းမှား

အမေရိကန်ဆီက စစ်ရေးအကူအညီတွေရရှိပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကပြောတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်း စဉ်တုနဲ့ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့နဲ့ စာသားကို အောက်မှာကြည့်ပါ။  “အမေရိကန်က‌ပေးတဲ့ စစ်‌ရေး အကူအညီ ‌ရောက်ပြမို့ ပြင်ဦးလွင်၊ မန္တလေးနှင့်နေပြည်တော်ကို သိမ်းတော့မယ်ဟု NUG သမ္မတ ကြေငြာမှုကြီး” မူရင်းလင်ခ့် – Youtube link | Archive link ဇန်နဝါရီ ၁၃ ရက်က ဒီချန်နယ်မှာပဲ နောက်ထပ် အလားတူဖြန့်ဝေထားတဲ့ ဗွီဒီယိုတခုမှာတော့ “US ပေးတဲ့ တိုက်လေယဉ်တွေ ရှေ့တန်းကို ပို့တော့မည်ဟု Dr.sasa ကမ္ဘာသိကြေငြာ”စသည်ဖြင့်လည်းဖော်ပြထားတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်လွဲ […]

Continue Reading

Fact Check: အမေရိကန်သမ္မတ မြန်မာနိုင်ငံလာရောက်တဲ့ သတင်းတု

အမေရိကန်သမ္မတ မြန်မာနိုင်ငံ ရန်ကုန်မြို့ကိုလာရောက်အပြီး ၁၀ မိနစ်အတွင်း NLD ခေါင်း‌ဆောင်တွေနဲ့ အကျဉ်းသား ၈၅၀၀ ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတု Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အမေရိကန်သမ္မတမှ မြန်မာလာပြီ ရန်ကုန်လေဆိပ် ၁၀ မိနစ်မကြာဘူး NLD ခေါင်းဆောင်များနဲ့ အကျဉ်းသား (၈၅၀၀) အကုန်လွှတ်ချ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတု၊ သတင်းမှားတွေ ဆက်တိုက်ဖြန့်ချိနေတဲ့ ချန်နယ်တခုဖြစ်ပါတယ်။  Fact […]

Continue Reading

Fact Check: NUG ကို နိုင်ငံ ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ်ကြေညာတဲ့ သတင်းမှား

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို နိုင်ငံပေါင်း ၄၀ ‌ကျော်က အစိုးရအဖြစ်အသိအမှတ်ပြုပြီး စစ်တပ်ကို အကြမ်းဖက်အဖြစ်ကြေညာတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းပါတယ်။ “1 ရက်နေ့ ဒီဇင်ဘာလ (မအလ ပေါက်ကွဲနေ) နိုင်ငံ ၄၀ ကျော် NUG ကို အစိုးရဟု သတ်မှတ် စစ်တပ်ကို အရက်စက်ဆုံး အကြမ်းက်ဟု စတင်ကြေညာ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ချိနေတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က သတင်းတွေကို သတင်းခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ […]

Continue Reading

Fact Check: ကြက်ဥ၊ဘဲဥအတုပြုလုပ်တဲ့ ဗွီဒီယိုလား- မဟုတ်ပါ

ကြက်ဥ၊ဘဲဥအတုပြုလုပ်နိုင်နေပြီဖြစ်တာကြောင့် ဈေးကွက်အတွင်းမှာလည်း ပျံ့နှံ့လျှက်ရှိတယ်လို့ ဆိုတာတဲ့ ဗွီဒီယိုပို့စ်တွေ ယခုရက်ပိုင်း အွန်လိုင်းမှာပျံ့နှံ့လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကြက်ဥ အတုကို အခုလို လုပ်ကြပါတယ်” မူရင်းလင်ခ့် – Fb link  | Archive link အလားရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ကြက်ဥ/ ဘဲဥအတု အမေရိကန်ဈေးကွက်ထဲ ပျံ့နှံနေ” မူရင်းလင်ခ့် – Telegram link  | Archive link အချက်အလက်စိစစ်ချက် ပြီးခဲ့တဲ့ နှစ်များအတွင်း ဒီဗွီဒီယိုတွေဟာ ‌ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်များစွာ ဒီလိုပဲ ကြက်ဥအတု ထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်းတခုအဖြစ် ကြိမ်ဖန်များစွာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။ သို့သော်လည်း […]

Continue Reading

Fact Check: NUG ကို ဒေါ်လာ ၅၂၅ သန်းပေးဖို့ အောက်လွှတ်တော်အတည်ပြုခဲ့သလား-မဟုတ်ပါ

NUGကို ဒေါ်လာ ၅၂၅ သန်းပေးဖို့ အမေရိကန် အောက်လွှတ်တော်က ၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက်မှာ အတည်ပြု လိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ VOA မြန်မာပိုင်းက ဖော်ပြခဲ့တဲ့ NUG ရဲ့အကူအညီတောင်းခံမှုသတင်းကို အမေရိကန် လွှတ်တော်က အတည်ပြု လိုက်တယ်ဆိုပြီး နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်တပ်ထားခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “NUGကို ဒေါ်လာ သန်း၅၂၅ ပေးဖို့ အောက်လွှတ်တော် အတည်ပြုပြီ 18July 2023” တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခုဖော်ပြနေတဲ့ ဗွီဒီယိုပါ အကြောင်းအရာဟာ […]

Continue Reading