Fact Check: အာဏာသိမ်း ၃ နှစ်ပြည့် အသံတိတ်သပိတ် မအောင်မမြင်ဖြစ်ခဲ့ပြီး ပုံဟောင်းတွေကို မီဒီယာတွေက ပြန်သုံးခဲ့ရဆိုတဲ့ သတင်းမှားပျံ့နှံ့
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့အနေနဲ့ ပြုလုပ်တဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမှာ လူထုပါဝင်မှုနည်းတာကြောင့် မီဒီယာတွေအနေနဲ့ ဓာတ်ပုံဟောင်း တွေပဲ ပြန်လည်ဖော်ပြခဲ့ကြရတယ်လို့ RFA Burmese သတင်းမှာဖော်ပြခဲ့တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်နဲ့ တယ်လီဂရမ်အကောင့်တွေမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုတခု သာဖြစ်တယ်။ ၃ နှစ်ပြည့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်မထွက်ခြင်းအားဖြင့် ဆန္ဒပြကြဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ဆော်ဩခဲ့ကြပြီး လူထုပါဝင်မှုရှိတာကို ပြသတဲ့အနေနဲ့ အသွားအလာကင်းမဲ့နေတဲ့ လမ်းမတွေပုံကို ဖော်ပြကြပါတယ်။ တချိန်ထဲမှာပဲ စစ်တပ်ဝါဒဖြန့်ချိရေးသမားတွေကတော့ မြို့ပြကြီးတွေမှာ ပုံမှန်အတိုင်း စည်ကားနေပုံဆိုပြီး ဓာတ်ပုံတွေကို တန်ပြန်အနေနဲ့ […]
Continue Reading