Fact Check: မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ဖွဲ့လုံး မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ သတင်းတု

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးလက်နက်ချပြီး အာဏာပြန်မလွှဲမချင်း ဖျက်သိမ်းကာ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြားပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧပြီ ၂၄ ရက်မှာပဲ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ရေစကြိုမြို့နယ် ရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထားဝယ်-ရေးလမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ပစ်ခတ်တိုက်ခိုက်”ဆိုတဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲတပ်မျှဝေနေခြင်း ဖြစ်ပါတယ်။  ဧပြီလ ၂၃ ရက်က ရေစကြိုမြို့နယ် မြို့မရဲစခန်းကို ၄၀ မမ ဗုံးသီး […]

Continue Reading

Fact Check: ခလရ ၂၇၃ က စစ်သား ၅၀၀ ထွက်ပြေးဆိုတဲ့သတင်းမှား

ထားဝယ်ခရိုင် ကံပေါက် ခလ၇(၂၇၃)က စစ်သား ၅၀၀ ပါဝင်တဲ့တပ်ရင်းဟာ တပ်ရင်းတစ်ခုလုံး ထွက်ပြေးသွား တယ်ဆိုတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တဲ့တာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “ကံပေါက် ခလရ(၂၇၃)တပ်ရင်းလိုက်၊ စစ်သား(၅၀၀)ထွက်ပြေးကုန်ပြီ”လို့ ရေးသားပြီး “စစ်သတင်း” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဇန်နဝါရီ ၉ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်စွဲနဲ့ ဖော်ပြခဲ့တဲ့ “ကံပေါက် ခလရ ၂၇၃ တပ်ရင်းက စစ်ကောင်စီတပ် သား ၅ ဦးထွက်ပြေးပြီးနောက် ဘုန်းကြီးကျောင်းမှာခိုနားနေစဥ် ဘုန်းကြီးကတိုင်လို့ ပြန်အဖမ်းခံရ”ဆိုတဲ့ သတင်းဖော်ပြနေခြင်းဖြစ်ပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading