
ထားဝယ်ခရိုင် ကံပေါက် ခလ၇(၂၇၃)က စစ်သား ၅၀၀ ပါဝင်တဲ့တပ်ရင်းဟာ တပ်ရင်းတစ်ခုလုံး ထွက်ပြေးသွား တယ်ဆိုတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တဲ့တာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။
“ကံပေါက် ခလရ(၂၇၃)တပ်ရင်းလိုက်၊ စစ်သား(၅၀၀)ထွက်ပြေးကုန်ပြီ”လို့ ရေးသားပြီး “စစ်သတင်း” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဇန်နဝါရီ ၉ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်စွဲနဲ့ ဖော်ပြခဲ့တဲ့ “ကံပေါက် ခလရ ၂၇၃ တပ်ရင်းက စစ်ကောင်စီတပ် သား ၅ ဦးထွက်ပြေးပြီးနောက် ဘုန်းကြီးကျောင်းမှာခိုနားနေစဥ် ဘုန်းကြီးကတိုင်လို့ ပြန်အဖမ်းခံရ”ဆိုတဲ့ သတင်းဖော်ပြနေခြင်းဖြစ်ပါတယ်။

မူရင်းလင်ခ့် – Ayeyarwaddy Times| Archive link
အခြားသော ဗွီဒီယိုထဲမှာဖော်ပြထားတဲ့အကြောင်းအရာတွေဟာလည်း အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီးတဲ့ အကြောင်းအရာတွေကို ပြန်လည်မျှဝေနေခြင်းသာဖြစ်ပါတယ်။
သုံးသပ်ချက်
စစ်သား ၅၀၀ ထွက်ပြေးတဲ့ သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။ ကံပေါက် ခလရ ၂၇၃ တပ်ရင်းက ထွက်ပြေးခဲ့တဲ့ စစ်သား ၅ ဦးကို တည်းခိုနေတဲ့ ဘုန်းကြီးကျောင်းက တိုင်တန်းလို့ ပြန်အဖမ်းခံရတဲ့ သတင်းကို ချဲ့ကားရေးသားမျှဝေနေခြင်းဖြစ်ပါတယ်။

Title:Fact Check: ခလရ ၂၇၃ က စစ်သား ၅၀၀ ထွက်ပြေးဆိုတဲ့သတင်းမှား
Fact Check By: နေရာမောင်Result: Partly False