Fact Check: စစ်ခေါင်းဆောင် အာဏာစွန့်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု
စစ်ခေါင်းဆောင် အာဏာစွန့်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတုပို့စ်တွေ ယခုရက်ပိုင်း ယူကျု့ချန်နယ်တွေမှာ ထပ်မံဖြန့်ဝေလာရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ –တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ “ရာထူးမှအနားယူမဲ့ရက်အတိအကျကြေညာပြီ ဆွေးနွေးမှုအောင်မြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့အတည်ပြုပြီ MRTVမှာ မအလ ကမ္ဘာသိကြေညာ(ရုပ်/သံ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီချန်နယ်ဟာ ဗွီဒီယိုထဲမှာလည်း လာမယ့် အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးတော့ မလားဆိုပြီးတော့ ဖော်ပြခဲ့ပေမဲ့ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ်ဆိုတဲ့ အကြောင်းဖော်ပြချက်မတွေ့ရပါဘူး။ အခုဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လုပ်ကြံသတင်းတွေဖော်ပြလေ့ရှိတယ်။ ဒီချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar […]
Continue Reading