ကိုဗစ်က ကာကွယ်မပေးနိုင်လို့ ဟိန္ဒူဘုရားတွေလမ်းပေါ်မှာလွှင့်ပစ်ထား တယ်ဆိုတဲ့ သတင်းမှား

ကိုဗစ်(COVID-19) ကပ်ရောဂါကနေ မကာကွယ်နိုင်လို့ဆိုပြီးတော့ အိန္ဒိယမှာ ဟိန္ဒူနတ်ဘုရားတွေကို လမ်းပေါ် လွှင့်ပစ်ကြတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ကိုဗစ်ကာလမတိုင်ခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ပါတယ်။ ကိုဗစ်ကနေ မကာကွယ်နိုင်လို့ ကိုးကွယ်ထားတဲ့ နတ်ဘုရားတွေကို လမ်းပေါ်မှာ လွှင့်ပစ်တယ်ဆိုတဲ့ အထောက်အ ထားမျိုးလည်း သတင်းတွေမှာ မတွေ့ရပါဘူး။ “Hazy Linm”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်က “India မှာ သန်းပေါင်းများစွာသော ဟိန္ဒူလူမျိုး ပြည်သူတွေဟာ သူတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ  နတ်ဘုရားတွေဟာ သူတို့ကို Covid ကပ်ရောဂါ ဘေးကနေ မကယ်တင်နိုင်ဘူး၊ မစောင့်ရှောက်ဘူး လို့ပြောကာ သူတို့နေအိမ် ၊ဘုရားကျောင်းအစရှိတဲ့ နေရာက ရုပ်ထုတွေ အကုန်လုံးကို လမ်းပေါ်လွင့်ပစ်တာမျိုးတွေ ၊မြစ်ထဲ ချောင်းထဲကို မျှောပစ်တာမျိုးတွေ ပြုလုပ်နေကြတယ်တဲ့”စသည်ဖြင့် ရေးသားပြီးမျှဝေထားပါတယ်။ တူညီတဲ့ […]

Continue Reading

Fact Check: အိန္ဒိယမှာ ကိုဗစ်ကြောင့်လဲကျနေတဲ့မြင်ကွင်းမဟုတ်ပါ။ Vizag ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူတွေမူးလဲကျတဲ့မြင်ကွင်းဖြစ်ပါတယ်

Covid 19 ရိုက်ခတ်မှုကို အလူးလဲခံစားနေရတဲ့အိန္ဒိယနိုင်ငံရဲ့ လက်ရှိအခြေအနေအဖြစ် လမ်းတွေပေါ်မှာ လူအတော်များများလဲကျခဲ့တဲ့အခြေအနေ၊ ကူညီကယ်ဆယ်ရေးကားသံတွေပါဝင်တဲ့ ဗွီဒီယိုဖိုင်နဲ့ အတူ ရေးသားမျှဝေလျက်ရှိတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ၂ မိနစ်နဲ့ ၈ စက္ကန့်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ သွားရင်းလာရင်းနဲ့ လူတွေလမ်းမပေါ်မှာ လဲကျနေပုံကို ရိုက်ပြထားပြီး ကူညီကယ်ဆယ်ရေးကားြသဆွဲသံတွေ လူအများအပြားမြေပြင်မှာလဲကျနေတဲ့ အချို့ပါဝင်ပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ဟာ ကိုဗစ်ကပ်ရောဂါပိုးနဲ့သက်ဆိုင်ခြင်းမရှိဘဲ အိန္ဒိယမှာ ပလက်စတစ်စက်ရုံက ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူအများအပြား မူးဝေလဲကျခဲ့ခြင်းဖြစ်စဉ်ကို ရိုက်ပြထားတဲ့ ဗွီဒီယိုဖိုင် ဖြစ်ပါတယ်။  “Covid 19 ဒုတိယလှိုင်း ရိုက်ခတ်မှုကို အလူးလဲခံစားနေရတဲ့ ယခုလက်ရှိအိန္ဒိယနိုင်ငံရဲ့ အခြေအနေ။ (မူရင်းအရေးအသား)”လို့ “T Media”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၃ ရာ ဝန်းကျင်ရှိပါတယ်။ […]

Continue Reading