Fact Check: ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေကြောင်း RFA Burmese ကရေးသားလို့ သတင်းမှားဖြန့်
ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေကြောင်း စုံစမ်းဖော်ထုတ်ထားတဲ့ ဗွီဒီယိုဆိုပြီးတော့ ပို့စ်တစ်ခုယူကျူ့နဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ RFA သတင်းဌာနက ရေးသားခဲ့တဲ့ “ငွေကြေးအလွဲသုံးစွဲမှု မရှိဟု NUG နိုင်ငံခြားရေး ဝန်ကြီး ပြောကြား”ဆိုတဲ့ ဗွီဒီယိုကိုအသုံးပြုပြီး သတင်းမှားဖြန့်ဝေခြင်းဖြစ်တာတွေ့ရပါတယ်။ “ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေ Shaping Myanmar 10.2.2022 RFA ခင်မောင်စိုးမှ PDF လူငယ်လေးများ ကျည်ဆံမရှိ၊ ရိက္ခာနဲ့ ဆေးဝါး မရှိချိန်မှာ၊ NUG ဝန်ကြီးများရဲ့ ဒေါ်လာ ငွေအလွဲ သုံးစားမှုသတင်းများ ထွက်ပေါ်လာနေတာကို စုံစမ်းဖော်ထုတ် ထားပါတယ်။” လို့ ရေးသားပြီး ၅ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုကို အောက်ပါအတိုင်း “BB Channel”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Youtube […]
Continue Reading