Fact Check: ဒေါ်စုကို သစ္စာဖောက် စစ်တပ်အလိုကျလုပ်နေတဲ့ ဦးဖြိုးမင်းသိန်းပစ်သတ်ခံရဆိုတဲ့ သတင်းမှား
ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာဖောက်ပြီး စစ်တပ်အလိုကျလုပ်နေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ပစ်သတ်ခံရတယ်လို့ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။ ဦးဖြိုးမင်းသိန်းအပါအဝင် NLD အလုပ်အမှုဆောင် ၄ ဦးကို ပါတီက ထုတ်ပယ်မှုသတင်းကို သတင်းခေါင်းစဉ်တုနဲ့ဖြန့်ချိနေခြင်းဖြစ်တယ်။ “ဒေါ်စုကို သစ္စာဖောက် စစ်တပ်အလို ကျ ကိုယ်ကျိုးရှာနေတဲ့ ဦးဖြိုးမင်းသိန်း စောစောလစ် သွားပြီ”လို့ ရေးသားပြီး “A Sone Thi” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထား ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၆၀၀ နီးပါးရှိခဲ့ပြီး ကြည့်ရှူ့မှုပေါင်း ၆ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ယူကျူ့ရဲ့ […]
Continue Reading