Fact Check: စစ်တပ်ခန့်သမ္မတဦးမြင့်ဆွေ ရာထူးမှနုတ်ထွက်ဆိုတဲ့သတင်းခေါင်းစဉ်တု
စစ်တပ်ခန့် သမ္မတ ဦးမြင့်ဆွေ ရာထူးကနုတ်ထွက်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိရာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ “၁ရက်နေ့ထခုန်လို့ရပြီ။ စကစသမ္မတမြင့်ဆွေနှုတ်ထွက်။၂၈နာရီအတွင်းအားလုံးပြောင်းလဲတော့မယ်”လို့ ရေးသားပြီး “Jolene Mcdonald” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှ ဝေထားရာမှာ ဒီပို့စ်ကို မျှဝေမှုပေါင်း ၁၁၀၀ ကျော်၊ ကြည့်ရှု့မှုပေါင်း ၅ သိန်း ၇ သောင်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုရအောင် လှည့်စားထားတဲ့ သတင်းခေါင်းစဉ်အတုနဲ့ ဗွီဒီယို သာဖြစ်ပါတယ်။ ၁၂ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုပါအကြောင်းအရာဟာ တကယ်တော့ ဧရာဝတီသတင်းဌာနက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ […]
Continue Reading