Fact Check: ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်‌ရောက် အရေးယူမယ်လို့  ဦးရည်မွန်ပြောတဲ့ သတင်းတု

ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်‌ရောက် အရေးယူမယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတဲ့အကြောင်း ဖေ့စ်ဘွတ်မှာ ပို့စ်တခု ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့  ဓာတ်ပုံပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဓာတ်ပုံနဲ့အတူ ဓာတ်ပုံပို့စ်တခုအဖြစ် မျှဝေထားတာဖြစ်တယ်။ “တော်လှန်ရေးရန်ပုံငွေ ရှာဖွေရေးနဲ့ ပတ်သက်ပြီး မအိပန်ဆယ်လိုနဲ့ ထောက်ပို့တပ်သားများကို ဝေဖန်‌ရေးသား တိုက်ခိုက်နေသည့် မည်သူကိုမဆို အကြမ်းဖက်စစ်ကောင်စီကို အားပေးရာရောက်သဖြင့် ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားဖို့ရှိပါတယ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီလိုပြောဆိုချက်ကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မတွေ့ရပါဘူး။ ဒီလိုပဲ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ဖေ့စ်ဘွတ်မှာလည်း မတွေ့ရပါဘူး။ ဒီလိုဖော်ပြထားတဲ့ ပို့စ်ပိုင်ရှင်ရဲ့ […]

Continue Reading

Fact Check: NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ နစက ဗိုလ်ချုပ်တစ်ဦး ငြိမ်းချမ်းရေး ဆွေးနွေးဆိုတဲ့ သတင်းတု

NUG က ဦးရည်မွန်နဲ့ နစက က ဗိုလ်ချုပ်ရာပြည့်တို့ ချင်းမိုင်မြို့မှာ ညှိနှိုင်းကြတယ် ဆိုပြီးတော့ ရေးသား မျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေနေတာဟာ မှားယွင်းကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်ကတစ်ဆင့် ပြန်လည်ရှင်းလင်းထားပါတယ်။ “ပထမဆုံး အတိကျ နှစ်သစ်ကူးလက်ဆောင်သတင်းကောင်း နှစ်သစ်မှာ ငြိမ်းချမ်းပါစေ နစက နှင့် NUG တို့ ချင်းမိုင်မှာ ညှိနိုင်းကြပါတယ်ခင်ဗျာ… GSL 100% 100% 100% 100% ပါ ခင်ဗျ အန်ယူဂျီ ဉီးရည်မွန်မှ ရရှိသတင်းမှန်ပါ သတင်းမှားလျင် တရားစွဲပါ အခုပင် ချင်းမိုင်မြို့ရဲ့ ဟိုတယ်တခုမှာ ဗိုလ်ချုပ်ယာပြည့်နဲ့ ချီးယား ကြပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ် ဂိုလ်ရှယ်လေး […]

Continue Reading

Fact Check: ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်ကို တိုက်ခိုက်တဲ့ သတင်းတု

ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ဟာ နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်ဆိုပြီးတော့ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံပို့စ်မှာ ပုံနှိပ်မီဒီယာတစ်ခုက သတင်းဖော်ပြထားတဲ့ သတင်းဖြတ်ပိုင်းကို ပြန်လည်မျှဝေဟန်ရှိပြီး မဲခေါင်းသတင်းဌာနက ရေးသားထားတဲ့သတင်းအဖြစ်လည်းဖော်ပြထားပါတယ်။  “သက်ထားမဉ္ဇူ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံပို့စ်ကို မျှဝေထားတာအောက်ပါ အတိုင်းတွေ့ရပါ တယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အမှန်တကယ်မှာ ဒီလိုသတင်းဌာနတစ်ခုက ဖော်ပြဟန်ရေးသားမျှဝေထားတဲ့ ဓာတ်ပုံပို့စ်ဟာ သတင်းတုမျှဝေနေခြင်းသာဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် အချက်အလက်ရှာဖွေကြည့်ရာမှာ မဲခေါင်သတင်းဌာနအမည်နဲ့ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းမီဒီယာလုပ်ငန်းကို Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။ သို့သော်လည်း ဖေ့စ်ဘွတ်မှာ “MeKong News – မဲခေါင်သတင်း” အမည်နဲ့ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ စာမျက်နှာတစ်ခုတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်စာမျက်နှာမှာလည်း […]

Continue Reading

Fact Check: ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ကို ထိုင်းကဖမ်းဝရမ်းထုတ်ထားသလား

ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်တို့ကို မဲဆောက်ရဲစခန်းမှူးက အကြမ်းဖက်မှုနဲ့ ဖမ်းဝရမ်းထုတ်ထား တယ်ဆိုပြီးတော့ သတင်းစာဖြတ်ပိုင်းပုံဓာတ်ပုံနှင့်အတူ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဦးရည်မွန်နဲ့ ဒေါက်တာဇော်ဝေစိုးတို့ဟာ မဲဆောက်ကနေ ရထားနဲ့ ထွက်ပြေးသွညးတယ်ဆိုလည်း ရေးသားထားပါတယ်။ တကယ်တော့ ဒီလိုသတင်းဟာ သတင်းစာတစ်ခုမှာဖော်ပြထားတဲ့ သတင်းစာဖြတ်ပိုင်းပုံစံလုပ်ပြီး သတင်းတု ဖြန့်ဝေနေခြင်းသာဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ သတင်းစာဖြတ်ပိုင်းပုံဓာတ်ပုံပို့စ်ထဲမှာ“ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံမှ ဝရမ်းပြေး ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့ နှစ်ဦးအား အောက်တိုဘာ ၂ ရက်နေ့က မြန်မာသံရုံး၏ သတိပေးစာ ပေးပို့မှုကို လက်ခံရရှိပြီးသည့်နောက် မဲဆောက်ရဲစခန်း စခန်းမှူး Pol Col Manas Sornprapan က ယနေ့မှာ ဝရမ်းထုတ်ပြီး ၎င်းတို့ ပုန်းအောင်နေရာ မဲဆောက်မြို့ Asian Highway လမ်းမပေါ်က Hop Inn ပါသည်။မြန်မာအစိုးရနှင့် ထိုင်းပြည်ထဲ […]

Continue Reading