
ကျောက်ကပ်တစ်ခြမ်ရောင်းပြီး iPhone ဝယ်သူတွေဆိုပြီး ဖေ့စ်ဘွတ်ပို့စ်တစ်ခုပျံ့နှံ့လျက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ လက်တစ်ဖက်က နောက်ဆုံးပေါ် iPhone တစ်လုံးစီကိုင်လျှက် အခြားသောလက်တစ်ဖက်က အင်္ကျီကိုလှန်ပြီး ဝမ်းဗိုက်မှာ ဒဏ်ရာကိုလှန်ပြနေတဲ့ လူ ၃ ဦးပါဝင်ပါတယ်။
ဓာတ်ပုံဟာ တကယ်တော့ လာအိုနိုင်ငံက အလှအပဆေးခန်းတစ်ခုက ဟာသအနေနဲ့ ဖော်ပြခဲ့တဲ့ ဓာတ်ပုံ တစ်ခုသာဖြစ်ပါတယ်။
“ကျောက်ကပ်တစ်ခြမ်းရောင်းပြီး Iphone ဝယ်
အသစ်ထွက်တဲ့ iphone ကိုလိုချင်လို့ ကျောက်ကပ်တခြမ်းထုတ်ရောင်းပြီး ဝယ်လိုက်တဲ့ပုံပါ လက်တဖက် ကဖုန်းကိုကိုင်ပြီး ကျန်လက်တဖက်ကခွဲထားတဲ့နေရာကိုပြသကာ လူမှုကွက်ရက်ပေါ်မှာဖြန့်ဝေခဲ့ပါတယ်။ အဆိုပါတင်ထားတဲ့ပို့စ်အောက်မှာလဲ တစ်ယောက်တမျိုးအထင်နဲ့ဝေဖန်ရေးသားခံနေရပါတယ်။”လို့ ရေးသားပြီး “ဇော်ဂျီလက်စွဲ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့က လာအိုနိုင်ငံက အလှအပရေးရာ ဆေးခန်းတစ်ခုဖြစ်တဲ့ Dr. Nith Beauty Center အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မူလဖော်ပြချက်ကို ဒီနေရာမှာ ကြည့်ပါ။ ဟာသအနေနဲ့ဖော်ပြခဲ့ပြီးနောက်မှာ အခုလို နားလည်မှု လွဲစေနိုင်တဲ့ ရေးသားပြောဆိုချက်တွေနဲ့အတူ ပျံ့နှံ့လာတာပါ။
ထိုင်းနိုင်ငံမှာလည်း ဒီဓာတ်ပုံဟာ ရေပန်းစားခဲ့ပြီး ထင်မြင်ချက်အမျိုးမျိုးနဲ့ရေးသားနေကြပြီးနောက်မှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းရောင်းဝယ်မှုဟာ တရားမဝင်ကြောင်းနဲ့ ဒီလိုမျိုးဟာသလုပ်တာကလည်း ကျင့်ဝတ်နဲ့မညီကြောင်း ထိုင်းကြက်ခြေအနီအဖွဲ့က ဒီဓာတ်ပုံကို ဝေဖန်ခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Delta News Agency | Archive link
သုံးသပ်ချက်
ကျောက်ကပ်တစ်ခြမ်ရောင်းပြီး iPhone ဝယ်တယ်ဆိုတဲ့သူတွေဆိုတာ ဟာသအနေနဲ့ လာအိုနိုင်ငံက အလှအပ ရေးရာဆေးခန်းတစ်ခုက ရိုက်ကူးထားတဲ့ ဓာတ်ပုံသာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ သရုပ်ဖော်ပုံသာဖြစ်တာ တွေ့ရပြီး တကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်မဟုတ်တာတွေ့ရပါတယ်။

Title:Fact Check: ကျောက်ကပ်တစ်ခြမ်းရောင်းပြီး iPhone ဝယ်တဲ့ဓာတ်ပုံက တကယ်မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading