Fact Check: ဒီပုံတွေက ပဲခူးမှာသေနတ်နဲ့ အပစ်ခံရတဲ့ စစ်ဗိုလ်ရဲ့ကားပုံ မဟုတ်ပါ

False လူမှုရေး

ပဲခူးမှာ တပ်ကဗိုလ်ကြီးကားနဲ့ ရဲမူးကား အပြန်အလှန်ပစ်ခတ်မူဖြစ်ပွားပြီးတိမ်းမှောက်သွားတဲ့ကားအဖြစ် ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပဲခူးမှာ ရဲနဲ့ အပြန်အလှန် ပစ်ခတ်ပြီး​နောက် ကား​မှောက်သေဆုံးခဲ့တဲ့ စစ်ဗိုလ်​သတင်းကို ဒီမှာတွေ့ရပါတယ်။

မျှဝေလျက်ရှိတဲ့ပို့စ်မှာ သေနတ်ကျဉ်ပေါက်များစွာထိမှန်ထားတဲ့ အိမ်စီးကားတစ်စီးနဲ့ ကားမှန်ကွဲနေတဲ့ ကားပုံတွေပါဝင်ပါတယ်။သို့သော်လည်း ဒီကားပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးတဲ့ ဓာတ်ပုံတွေဖြစ်ပြီး မြန်မာနိုင်ငံလည်းသက်ဆိုခြင်း မရှိပါဘူး။

 “ပဲခူးမှာ တပ်ကဗိုလ်ကြီးကားနှင့်ရဲမူး ကားအဝေမတည့်၍fast and furious ဇာတ်ကားထဲကလို ကားတေပေါ်မှ hollywood ဇာတ်ကားထဲမှ စတန့်ဇာတ်ဝင်ခန်းတစ်ခုကဲ့သို့ ကားမောင်းရင်းသေနတ်များဖြင့် အပြန်အလှန် အညိုးတကြီး ပစ်ခတ်ကြခြင်းဖြစ်ကြောင်းကြားသိရပါတယ်ခမျ ဗိုလ်ကြီးကား နှင့် ရဲမှူးကားတို့ သနပ္ပင်လမ်းမတလျောက်သေနတ်ဖြင့်လိုက်ပစ် ရာမှ နာရီစင်ရှေ့ရောက်တွင် ဗိုလ်ကြီးကားမှာ ဘလောက်တုံးများဝင်တိုက်မိ၍ မှောက်လျက်သားဖြစ်သွား။(မူရင်းအရေးအသား)”စသည်ဖြင့့်ေရးသားပြီး “Thant Zaw Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှ ေဝထားပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တွေကို ဒီေနရာဒီေနရာနဲ့ ဒီေနရာမှာလည်း ေတွ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

အသုံးပြုထားတဲ့သေနတ်ကျည်ဖောက်ဝင်ခဲ့တဲ့ပုံတွေနဲ့ ကားမှန်ကွဲနေတဲ့ပုံတွေကို ကြည့်မယ်ဆိုရင် ကားတွေရဲ့ အရောင်ကမတူညီတာတွေ့ရပါတယ်။

ကားတစ်စီးလုံးမှာ အပေါက်တွေနဲဖြစ်နေတဲ့ ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာေဖွရာမှာ USA Today သတင်းဝက်ဘ်ဆိုဒ်က ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်က ေဖာ်ပြခဲ့တဲ့ ကျည်ကာကားတွေဟာ ပိုပေါ့ပါးလာပြီး ပိုမာလာတယ်လို့ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို အသုံးပြုထားတာေတွ့ရပါတယ်။

မူရင်းလင်ခ့် – USA TodayArchive link

အခြားေသာဓာတ်ပုံတစ်ခုဖြစ်တဲ့ အနက်ရောင်ကားဘေးမှန်ကွဲနေတဲ့ဓာတ်ပုံကိုလည်း ၂၀၁၆ ခုနှစ် ဇူလိုင် ၂၀ ရက်က အမေရိကန်နိုင်ငံချီကာဂိုအခြေစိုက် ABC7 Chicago သတင်းဌာနကဖော်ပြတဲ့ သတင်းတစ်ခုမှာ တွေ့ရပါတယ်။ Lincoln Square အနီးကားကို သေနတ်နဲ့ပစ်ခတ်ခံရမှု ရဲကစုံစမ်းနေဆိုတဲ့ သတင်းမှာ ဒီပုံကို အသုံးပြုထားတာလည်းေတွ့ရပါတယ်။

မူရင်းလင်ခ့် – Abc7chicago.comArchive link

နောက်ထပ် ကားနောက်ခန်းကားမှန်မှာ သေနတ်ကျည် ၂ ချက်ဖောက်ဝင်ထားတဲ့ပုံကိုလည်း ဒီလင့်ခ်မှာတွေ့နိုင်ပါ တယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ  ဒီကားအပျက်အစီးဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ နိုင်ငံတကာက ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ဒီပုံတွေက ပဲခူးမှာသေနတ်နဲ့ အပစ်ခံရတဲ့ စစ်ဗိုလ်ရဲ့ကားပုံ မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *