Fact Check: လစ်ဗျားနိုင်ငံကအပျက်အစီးဓာတ်ပုံတွေကိုချင်းပြည်နယ်ထန်တလန်က မြင်ကွင်းအဖြစ်မျှဝေ

False လူမှုရေး

ချင်းပြည်နယ် ထန်တလန်မြို့က မီးလောင်ပြီးစ မြို့မြင်ကွင်းဆိုပြီးတော့ အဆောက်အဦးအပျက်အစီးမြင်ကွင်း ဓာတ်ပုံ ၂ ပုံကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ပေါင်းများစွာမျှဝေလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုလကုန်ပိုင်း ကနေ နိုဝင်ဘာလဆန်းပိုင်းအထိ ချင်းအခြေစိုက်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိမ်ခြေအမြောက်အများမီးရှို့ခံရတဲ့ ဓာတ်ပုံနဲ့ သတင်းတွေကိုမီဒီယာတွေမှာဖော်ပြပါတယ်။

သို့သော်လည်းအောက်ဖော်ပြပါ ဖေ့စ်ဘွတ်ပို့စ်ပါဓာတ်ပုံတွေကတော့ လစ်ဗျားနိုင်ငံက ဓာတ်ပုံတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ 

“မီးလောင်ပြီးစ ထန်တလန် မြို့မြင်ကွင်းပါ ကမ္ဘာကိုဖြန့်ပေးကြပါ စစ်ကောင်စီကို အရေးယူပေးပါတော့  အမေရိကန်သမ္မတကြီးရေ”လို့ရေးသားပြီး “Mai Chan”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်တိုဘာ ၃၀ရက်က ရေးသားမျှဝေထားရာမှာ ဒီပို့ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၉ထောင်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

Google မှာ ပထမဆုံးတိုက်အဆောက်အဦးပျက်ဓာတ်ပုံကို ရှာကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ် မေ ၁၈ က NRP အမည်နဲ့သတင်းဌာနကဖော်ပြထားတဲ့ သတင်းဆောင်းပါးတစ်ပုဒ်မှာအောက်ပါအတိုင်း တွေ့ရပါတယ်။

ဓာတ်ပုံစာသားအဖြစ် “၂၀၁၁ ခုနှစ်က လစ်ဗျားနိုင်ငံ ဆာတီ(Sirte) မြို့တွင် တိုက်ပွဲကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အဦးများမြင်ကွင်း( ဓာတ်ပုံ Manu Brabo/AP)”လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် –  NRP  |  Archive link

နောက်ထပ်ကြက်ခြေနီအမှတ်တံဆိပ်ပါကားတစ်စီးနဲ့အဆောက်အဦးပျက်မြင်ကွင်းဓာတ်ပုံကို Google မှာ ရှာဖွေကြည့်ရာမှာလည်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) ရဲ့ ဝဘ်ဆိုဒ်  ၂၀၂၁ ခုနှစ် မေ ၂၅ ရက်က တင်ထားတာ တွေ့ရပါတယ်။

“မြို့ကြီးများမှ စစ်ပွဲ – ထရီပိုလီ၊ လစ်ဗျား”ရေးသားထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် –   ICRCArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဓာတ်ပုံတွေဟာ ထန်တလန်မြို့က မီးလောင်မှုနဲ့သက်ဆိုင်ခြင်းမရှိဘဲ လစ်ဗျားနိုင်ငံကဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

Avatar

Title:လစ်ဗျားနိုင်ငံကအပျက်အစီးဓာတ်ပုံတွေကိုချင်းပြည်နယ်ထန်တလန်က မြင်ကွင်းအဖြစ်မျှဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *