Fact Check: ဒီဓာတ်ပုံထဲက စစ်ဘေးရှောင်တွေဟာ ဖရူးဆိုမှာ စစ်တပ်က မီးရှို့သတ်ဖြတ်ခြင်းခံရသူတွေမဟုတ်ပါ

Misleading လူမှုရေး

ကယားပြည်နယ် ဖရူးဆိုမြို့နယ်မှာ မြန်မာစစ်တပ်က မီးရှိုသတ်ဖြတ်ခံရတဲ့သူတွေကို နောက်ဆုံးတွေ့ရပုံ ဆိုပြီးတော့ အမိုးဖွင့် ထရပ်ကားတစ်စီးပေါ်မှာ စုပြုံလိုက်ပါလာတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများ အပြားပါဝင်တဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာအသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။

ပျံ့နှံ့ခဲ့တဲ့ဖေ့စ်ဘွတ်ပို့စ်တွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလိုက်ပါလာတဲ့ အမိုးဖွင့် ထရပ်ကားတစ်စီးနဲ့ ကားတွေ မီးရှို့ဖျက်ဆီးခံထားရတဲ့ ဓာတ်ပုံ ၂ ပုံပါဝင်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် စစ်ဘေးရှောင်လာတဲ့ ရွာသား ၃၅ ယောက်ကို မြန်မာစစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တဲ့သတင်းတွေကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။

ဖရူးဆိုမြို့နယ်က တုန်လှုပ်ခြောက်ခြားဖွယ် ယင်းအဖြစ်အပျက်သတင်းတွေနဲ့အတူ “ဖရူးဆိုမြို့မှာ စစ်ရှောင်ပြည်သူ ၃၅ ယောက် မီးရှို့အသတ်ခံရလုဆဲဆဲ နောက်ဆုံးရဓါတ်ပုံဖြစ်ပါတယ်။ ကားက Save the Children ဝန်ထမ်းတစ်ဦးက ပြည်သူတွေကို ကယ်ဆယ်ဖို့ယူလာတဲ့ကားပါ။ ကလလတ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကလည်း ပြည်သူတွေကို လာကယ်ထုတ်နိုင်ဖို့ ညှိနှိုင်းတာပါ။ အဲ့ဒီမှာ စစ်ခွေးတပ်က လေးယောက်လုံးကို အရင်ပစ်သတ်ပါတယ်။ နောက်ဆုံးမှာ ကားပေါ်က ကလေးတွေရော ပြည်သူတွေရော အကုန်လုံးကို ပစ်သတ်ပြီး မီးရှို့လိုက်တာပါ။ စစ်ခွေးမဲလုံး ဘယ်လိုလိမ်လိမ် ဒီကိစ္စ မကြာခင်မှာ အထောက် အထားတွေ အများကြီးထွက်လာပါလိမ့်မယ်။ “လို့ရေးသားထားပြီး “ပါဝါ-9”အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၈၀၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ဒီနေရာ တွေမှာလည်းတွေ့ရပါတယ်။

C:\Users\Mi\Pictures\1209-pharuso\Screenshot 2021-12-26 at 22-04-10 (1) ပါဝါ-9 – Posts Facebook.png

 မူရင်းလင်ခ့် – Fb linkArchive link

ထရပ်ကားတစ်စီးပေါ်က လူတွေဟာ တကယ်ပဲ ကယားပြည်နယ် ဖရူဆိုက စစ်တပ်ရဲ့ မီးရှို့သတ်ခြင်းခံရတဲ့  အဖြစ်ဆိုးနဲ့ကြုံခဲ့ရသူတွေကို တိုက်ဆိုင်စွာပဲနောက်ဆုံးမှတ်တမ်းတင်ထားခြင်းလား။ အချက်အလက် ဆန်းစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

မီးရှို့ခံထားရတဲ့ ကားတွေ ဓာတ်ပုံဟာ ကယားပြည်နယ် ဖရူးဆိုမြို့နယ်က အဖြစ်အပျက်က ဓာတ်ပုံအဖြစ် Karenni Nationalities Defense Force-KNDF အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ထုတ်ပြန်ထားပြီး သတင်း အများအပြားမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ 

သို့သော်လည်း ဒီလိုမီးရှို့မခံရခင်က နောက်ဆုံးတွေ့ရှိရတဲ့ဓာတ်ပုံဆိုပြီးတော့ မျှဝေနေတဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ  တွစ်တာအသုံးပြုသူတွေအကြားမှာ ဒီဇင်ဘာ ၂၅ ရက်ကစတင်ပြီး ရေပန်းစာနေတာတွေ့ရပါတယ်။ 

ကရင်ပြည်နယ်လေ့ကေကော်က ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့  စစ်ဘေး ရှောင်တွေကို ထိုင်းနိုင်ငံ မဲ့သောင်ကန် (MaeThaungKan)ကနေ  မဲ့ကုကင်း (MaeKoKin )ကျေးရွာသို့ ပြောင်းရွှေ့ ချထားပုံအဖြစ်အများအပြားက မျှဝေနေတာ တွေ့ရပါတယ်။ ကယားပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်လျှက်ရှိတဲ့ ကရင်ပြည်နယ်မှာလည်း မြန်စစ်တပ်နဲ့ ကရင်လက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်က လေကြောင်းကနေ ထိုးစစ်ဆင် နေပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ ရလာဒ်တွေထဲက သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ ယုံကြည့်ရတဲ့ အရင်းအမြစ်တွေက ဖော်ပြချက်ကို လေ့လာရာမှာလည်း DVB သတင်းဌာနက ဒုက္ခသည်အပြောင်းအရွှေ့ပုံအဖြစ် ဒီဇင်ဘာ ၂၅ ရက်က သတင်းမှာ ဖော်ပြထား တာတွေ့ရပါတယ်။

C:\Users\Mi\Pictures\1209-pharuso\Screenshot 2021-12-26 at 23-04-08 ထိုင်းနယ်စပ်ရောက် စစ်ဘေးရှောင်များကို တနေရာတည်းဖြစ်စေရန် နေရာရွှေ့ပြောင်း.png

မူရင်းလင်ခ့် – DVB NewsArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ကားတွေမီးလောင်ကျွမ်းနေတဲ့ဓာတ်ပုံဟာ ကယားပြည်နယ် ဖရူးဆိုက အစုအလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ကဖြစ်ပေမဲ့ ထရပ်ကားပေါ်က အမျိုးသမီးနဲ့ ကလေးတွေဟာ ထိုင်းနိုင်ငံဘက်အခြမ်းရောက်နေပြီဖြစ်တဲ့ ကရင်ပြည်နယ်က စစ်ဘေးရှောင်တွေ ဓာတ်ပုံဖြစ်ပါတယ်။ပြောဆိုချက်: ဖရူးဆိုမှာ စစ်တပ်က မီးရှို့သတ်ဖြတ်ခြင်းခံရသူတွေကိုနောက်ဆုံးမြင်ခဲ့ရပုံ

Avatar

Title:Fact Check: ဒီဓာတ်ပုံထဲက စစ်ဘေးရှောင်တွေဟာ ဖရူးဆိုမှာ စစ်တပ်က မီးရှို့သတ်ဖြတ်ခြင်းခံရသူတွေမဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading