
ရှေ့တန်းပို့ခံရတဲ့ စစ်သားတွေကို သူတို့ ဇနီးမယားတွေက နောက်ဆုံးကန်တော့နေပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အများအပြားကပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ ရဲကားတန်းတစ်ခုပါဝင်ပြီး အမျိုးသမီး အချို့က ထိုင်ကန်တော့ကြတဲ့ မြင်ကွင်းပါဝင်ပါတယ်။
သို့သော် ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလထဲမှာ ဆန္ဒပြရင်း အဖမ်းခံရတဲ့ သားသမီးတွေရဲ့ မိဘတွေက ကန်တော့တောင်းပန်နေကြပုံ ဖြစ်ပါတယ်။
“ရှေ့တန်းပို့ခံရတဲ့ လင်တော်မောင် စစ်ခွေးတွေအတွက် စစ်ခွေးမယားတွေ သရဏဂုံ တင်ပေးနေကြတာပါ၊ ရှေ့တန်းမှာသေရင် သရဏဂုံ မတင်ပေးပဲ ချီးတွင်းထဲအလောင်းကိုပစ်ချလေ့ရှိတာမို့ပါ 😁
ရဲဇော် 🇱🇷”လို့ရေးသားလျှက် “ဦး ရဲ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၄ ရက်မှာ မျှဝေထား ရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၃၄၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
Google မှာ ပုံရှာနည်း အသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ဖေဖော်ဝါရီလ ထဲမှာ စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး အောက်ပါအတိုင်း တွေ့ရပါတယ်။
“Karen Khin”အမည်နဲ့ အသုံးပြုသူက တွစ်တာမှာ ဖေဖော်ဝါရီ ၁၅ ရက်စွဲနဲ့ “ဒီကနေ့ မနက် နေပြည်တော်မှာ အဖမ်းခံရတဲ့ ကျောင်းသားတွေရဲ့ မိဘတွေပါ။ သူတို့ကလေးတွေကို ပြန်လွှတ်ပေးဖို့ တောင်းပန်နေကြတာပါ”လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Karen Khin | Archive link
နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၅ ရက်က ဆန္ဒပြကျောင်းသား ၄၀ ကျော်အဖမ်းခံရတဲ့ သတင်းကို ဒီနေရာမှာတွေ့ရ ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဒီဓာတ်ပုံဟာ ဖေဖော်ဝါရီလထဲမှာ နေပြည်တော်မှာ အဖမ်းခံရတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ မိဘတွေဖြစ်ပါတယ်။

Title:ရှေ့တန်းပို့ခံရတဲ့ စစ်သားဇနီးမယားတွေ နောက်ဆုံးအနေနဲ့ ကန်တော့ နေပုံလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False