
ထန်တလန်မြို့က ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့သူတွေဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင် ဂဏန်းပြန်လည်မျှဝေလျှက်ရှိပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့ကို စစ်တပ်က လက်နက်ကြီးနဲ့ ထုခဲ့ပြီး နောက် မီးလောင်ခဲ့တဲ့ ဓာတ်ပုံတွေဟာ အောက်တိုဘာ၂၉ ရက်က လူမှုကွန်ယက်မှာ စတင်ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဒီလိုရေးသားမျှဝေခြင်းဖြစ်ပါတယ်။
သို့သော်ဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီး ကချင်ပြည်နယ်က စစ်ဘေးရှောင် တွေပုံဖြစ်ပါတယ်။
“ထန်တလန်မြို့ကို စွန့်ခွာနေကြရသည့် ကျတော်တို့ အသွေးအသားများ။
#နေ့သစ်မြန်မာ #RejectMilitaryCoup #NUG_Our_Legitimate_Government #ပြည်သူ့ဘက်တော်သားတော်လှန်ရေးသမားများ #MilitaryCoupInMyanmar #wewantdemocracyinmyanmar #CDMတိုးမြှင့်ကြ #စစ်ကောင်စီကျဆုံးရမည် #WhatsHappeningInMyanmar”လို့ရေးသားပြီး “နေ့သစ်မြန်မာ Nae Thit Myanmar”အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက မျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည်မျှဝေတဲ့ အကြိမ်ပေါင်း ၁ ထောင်၇ရာကျော်ရှိပါတယ်။ ဒီလိုတူညီစွာရေးသားမျှဝေထားတာတွေကိုဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျှက်ရှိတာအောက်ပါအတိုင်းတွေ့ရပါတယ်။
၂၀၁၈ ခုနှစ်၊ မေလ ၁၄ရက်စွဲနဲ့The Guardian က ဖော်ပြခဲ့တဲ့ဆောင်းပါးတစ်ပုဒ်မှာ ဒီတူညီတဲ့ ဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပြီး “အသက်၁၁၄နှစ်အရွယ် ဆူပနာခေါဘူ(Supa Hkawn Bu)ကို မြေးဖြစ်သူက ဘေးလွတ်ရာသို့ ကျောပိုးသယ်လာစဉ်။ဓာတ်ပုံ-Zau Ring Hpra”လို့ ဓာတ်ပုံစာသားအဖြစ်ဖော်ပြထားပါတယ်။
မူရင်းလင်ခ့် – The Guardian | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ ကချင်ပြည်နယ်ကစစ်ဘေးရှောင်တွေရဲ့ ပုံဖြစ်ပါတယ်။