
ကောလင်းတွင် CDM၄ဦးကို PDF တို့လက်ပြန်ကြိုးတုတ်ပြီးအချင်းချင်းသတ်ဖြတ်ခဲ့တယ်လို့ ရေးသားပြီး ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။
“ကောလင်းတွင်CDM၄ဦးကိုPDF
တို့လက်ပြန်ကြိုးတုတ်ပြီးအချင်းချင်းသတ်ဖြတ်ခဲ့
ဖေဖော်ဝါရီ၂၃၊၂၀၂၂
ကောလင်းမြို့၊မင်းကုန်းရွာထိပ်တောင်ကုန်းတွင်နံနက်ပိုင်းကCDM
ထွေအုပ်စာရေးမ အပါအဝင်၄ဦး
ဖြစ်ပြီးPDFစခန်းမှထွက်ပြေးခဲ့လို့အားလုံးကိုသတ်ခြင်းဖြစ်ကြောင်း
ဒေသခံတစ်ဦးက ပြောသည်။
တပ်မတော်စစ်ကြောင်းမှလူသတ်
PDFများကိုလိုက်လံရှင်းလင်းနေဟုသိရ”လို့ ရေးသားပြီး “မိုးအက္ခရာ မိုးအက္ခရာ”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဖေဖော်ဝါရီ ၂၄ ရက်က မျှဝေထားတာတွေ့ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပထမဆုံး အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး ဖေ့စ်ဘွတ်မှာ အကြောင်းအရာပျံ့နှံ့မှုကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ Khit Thit Media ကဖော်ပြထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။
“စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်ပြင်သာ အုပ်စု မင်းကုန်းရွာထိပ် တောင် ကုန်းတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက သတ်ဖြတ်ထားသော ရုပ်အလောင်း ၄လောင်းတွေ့ရှိခဲ့ပြီး အမျိုးသမီး ၂ဦးမှာ မုဒိမ်းကျင့် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း Kawlin Revolution-KR အဖွဲ့ထံမှ သိရသည်။
အဆိုပါ စစ်တပ် သတ်ဖြတ်ခဲ့သူ ၃ဦးဖြစ်သည့် ဦးဆန်းမင်း (အသက်-၅၀) ၊ ဒေါ်ခင်စော (အသက်-၄၉)၊ မောင်စောမင်းဦး (အသက်-၂၇) တို့သည် ကျောက်ပြင်သာအုပ်စု မင်းကုန်းရွာနေ ပြည်သူများဖြစ်ပြီး မနေခြည်မင်း (အသက်-၂၂) သည် ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းစာရေးမ ဖြစ်ကာ CDM ပြုလုပ်ရန် တိမ်းရှောင်လာသူ ဖြစ်ကြောင်း သိရသည်။” စသည်ဖြင့်ရေးသားထားပါတယ်။
မူရင်းလင်ခ့် – Khit Thit Media | Archive link
ထို့အပြင် ဒီဓာတ်ပုံတွေဟာ Khit Thit Media ကဖော်ပြအပြီး မိနစ်အနည်းငယ်အကြာမှာ ပြန်လည်ဖော်ပြခဲ့ကြ တာလည်း တွေ့ရပါတယ်။ အခုလို ဓာတ်ပုံကို ကူးယူဖော်ပြသူတွေဟာ ဘယ်သူဘယ်ဝါမှန်းသူတို့ကိုယ်သူတို့ ဖော်ပြထားခြင်းမရှိတဲ့စစ်တပ်ထောက်ခံရေးအကောင့်တုတွေဖြစ်တာလည်းတွေ့ရပါတယ်။

သုံးသပ်ချက်
စစ်တပ်ဝါဒဖြန့်ချိရေးသမားတွေဟာ အခုနောက်ပိုင်းမှာ စစ်တပ်က အာဏာသိမ်းအပြီးပိတ်ပင်ထားတဲ့ မီဒီယာ တွေက သတင်းတွေ၊ စစ်အာဏာသိမ်းဆန့်ကျင်ရေးအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို လိုအပ်သလို ကူးယူပြီးအကြောင်းအရာကို ပြောင်းပြန်ရေးသားတာ၊ အထူးသဖြင့် PDF ကလုပ်ဆောင်တာဆိုတဲ့ ဖြန့်ချိ ရေးသားမှုမျိုးတွေကို လုပ်ဆောင်လာတာတွေ့ရပါတယ်။ ဒီဖြစ်စဉ်မှာလည်း Khit Thit Media က သတင်းဖော်ပြချက်အပြီးမှာ မိနစ်အနည်းငယ်အကြာမှာ အကြောင်းအရာကို ဆန့်ကျင်ဘက်ရေးသားပြီး ပြန်လည်ဖြန့်ဝေလာတာဖြစ်ပါတယ်။

Title:Fact Check: ကောလင်းမှာ CDM ၄ ယောက်ကို PDF ကလက်ပြန်ကြိုးတုတ်သတ်တယ် လို့ သတင်းမှားဖြန့်
Fact Check By: Nayar MaungResult: False