
ညအမှောင်မှာရိုက်ကူးထားတဲ့ အထုပ်အပိုးတွေနဲ့ လူတွေပါဝင်တဲ့ ဓာတ်ပုံ ၂ပုံကို ဒီပဲယင်းကထွက်ပြေးနေရတဲ့ သူတွေဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်ဓာတ်ပုံတွေဟာ အောက်တိုဘာ ၂၇ ရက်က မင်းကင်းမြို့နယ်က ထွက်ပြေးတိမ်းရှောင်ရသူတွေအဖြစ် မီဒီယာမှာဖော်ပြဖူးပါတယ်။
နိုဝင်ဘာ ၂၇ ရက်မှာ စစ်တပ်က ဒီပဲယင်းမြို့နယ်မှာ ရဟတ်ယာဉ်တွေနဲ့လာရောက်ပစ်ခတ်ခဲ့ပြီး ဒေသခံ ၂၀ ဝန်းကျင် သေဆုံး ခဲ့ရပြီး အများအပြားထွက်ပြေးကြရပါတယ်။
“ဒီပဲယင်းကို တချက်လောက်အာရုံစိုက်ကြပါ
ပြည်သူ” ၁၈ “ဦးထိ “ကျသွားပြီတဲ့ “အခုထိလဲ
ပြေးနေရတယ်တဲ့”လို့ ရေးသားပြီး “Yoon Shwe Ya Mone”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၂ ပုံကို အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
Google မှာ ဓာတ်ပုံကို ပုံပြန်လှန်ရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ အောက်တိုဘာလထဲမှာ မင်းကင်းမြို့နယ်မှာ စစ်ကြောင်းထိုးလားတဲ့ အတွက် ထွက်ပြေးရတဲ့ ဓာတ်ပုံဆိုပြီးတော့ ပျံ့နှံ့ခဲ့ဖူးတာ တွေ့ရပါတယ်။
The Irrawaddy (Eng) အမည်နဲ့တွစ်တာစာမျက်နှာမှာ ညအမှောင်မှာ လူအုပ်စု အထုပ်အပိုးတွေနဲ့ ဓာတ်ပုံနှင့်အတူ အခြားသော ဓာတ်ပုံ ၃ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်စွဲနဲ့ အောက်ပါအတိုင်းရေးသားပြီး မျှဝေထားတာတွေ့ရပါတယ်။
“အင်္ဂါနေ့ညပိုင်းမှာ အင်းအား ၁၀၀ နီးပါးရှိတဲ့ စစ်ကြောင်းတစ်ကြောင်းဟာ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက ရွာတွေကို ဝင်စီးခဲ့တာကြောင့် အနည်းဆုံး ရွာ ၅ ရွာလောက်က ဒေသခံ ရာပေါင်းများစွာဟာ ထွက်ပြေးခဲ့ကြရပါ တယ်။(ဓာတ်ပုံ- CJ) #WhatishappeninginMyanmar”

မူရင်းလင်ခ့် – The Irrawaddy (Eng) | Archive link
အခြားသောဓာတ်ပုံတစ်ပုံကိုလည်း မင်းကင်းမှာထွက်ပြေးနေကြရပြီလို့ရေးသားပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်က မျှဝေထားတာဒီလင့်ခ်မှာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ မင်းကင်းမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်ရသူတွေရဲ့ ဓာတ်ပုံဖြစ်ပါ တယ်။