
စစ်တပ်သုံးကားနဲ့ သံချပ်ကာတွေ တင်ဆောင်ခုတ်မောင်းလာတဲ့ ရထားတစ်စင်းကို ယူကရိန်းကို လက်နက်တွေ တင်ပို့တဲ့ ဗွီဒီယိုမြင်ကွင်းလို့ ရေးသားထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။ ယူကရိန်းကို EU အပါအဝင် ဒီမိုကရေစီမဟာမိတ်တွေက လက်နက်ပံ့ပိုးမယ်ဆိုတဲ့ သတင်းတွေ(ဒီနေရာ၊ဒီနေရာ)နဲ့အတူ ဒီဗွီဒီယိုဟာ ပျံ့နှံ့လာတာဖြစ်ပါတယ်။
တကယ်တော့ ဒီဗွီဒီယိုဟာ ကနေဒါနိုင်ငံက ဗွီဒီယိုတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။
“Lethal ware Support Ukraine သို့ပို့ဆောင်မူ
မြင်ကွင်း။” စသည်ဖြင့် ရေးသားပြီး “Mahar Khine”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက မတ် ၃ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အင်္ဂလိပ်ဘာသာနဲ့ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဗွီဒီယိုထဲက ရထားခေါင်းတွဲမှာ “CN”ဆိုတဲ့စကားလုံးပါဝင်ပါတယ်။ ဒီစကားလုံးဟာ ကနေဒါအမျိုးသားမီးရထားကုမ္ပဏီပိုင် ရထားတွေမှာ တွေ့ရတဲ့စကားလုံးဖြစ်ပါတယ်။
InVID ကိုအသုံးပြုပြီး ဗွီဒီယိုကနေ ရုပ်သေဓာတ်ပုံအဖြစ်ပြောင်းလဲကာ ရလာတဲ့ ဓာတ်ပုံတွေကို ရုရှားဘာသာစကားအသုံးပြုသူတွေအသုံးများတဲ့ Yandex မှာ ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တူညီတဲ့ဗွီဒီယိုဟာ အမြောက်အများပျံ့နှံ့ခဲ့ဖူးတာတွေပါတယ်။ ၂၀၁၆ ခုနှစ်က ဗွီဒီယိုတစ်ခုမှာ ရုရှားဟာ စစ်အတွက် ပြင်ဆင်နေတယ်လို့ရေးသားလျှက်မျှဝေထားတာတွေ့ရပါတယ်။
ဒီအချိန်အပိုင်းအခြားဟာ လက်ရှိ ရုရှားက ယူကရိန်းကို စစ်ဆင်နွှဲနေတာနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ ထို့အပြင် နောက်ထက်ရလာဒ်တွေကို ထပ်မံရှာဖွေကြည့်ရာမှာ ဓာတ်ပုံဝက်ဘ်ဆိုဒ်မှာ pinterest မှာတင်ထားတဲ့ ရလာဒ်တစ်ခုကိုတွေ့ရပါတယ်။ အစောဆုံးဗွီဒီယိုဟာ ၂၀၁၂ ခုနှစ်အစောပိုင်း ကတည်းက ပျံ့နှံ့ခဲ့ဖူးတာအောက်ပါ အတိုင်း တွေ့ရပါတယ်။
““အရမ်းရှားပါးတဲ့ ကနေဒါစစ်ရထား CN 2235 နှင့် CN 8803 ကို Westbound Lovekin မှာတွေ့ရစဉ်”
မူရင်းလင်ခ့် – astro955 | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဗွီဒီယိုဟာ ရုရှားနိုင်ငံက ယူကရိန်းကို စစ်မတိုက်ခင် ၂၀၁၂ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။ ကနေဒါအမျိုးသားမီးရထားကုမ္ပဏီက ကနေဒါစစ်တပ်က စစ်သုံးယာဉ်နဲ့ လက်နက်တွေ သယ်ဆောင်နေတဲ့မြင်ကွင်းဖြစ်ပါတယ်။

Title:Fact Check: ဒီဗွီဒီယိုက ယူကရိန်းကို လက်နက်ပို့တဲ့ ရထားကို ရိုက်ကူးထားတာလား- မဟုတ်ပါ
Fact Check By: Nayar MaungResult: False