
တနိုင်ငံလုံး စစ်မှုထမ်းရမယ့်ကိစ္စကို ကျေနယ်မိတယ်လို့ သရုပ်ဆောင်ပြေတီဦးက ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုတခုဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ပါတယ်။
“နိုင်ငံတော်က လုပ်သင့်လုပ်ထိုက်တာ လုပ်တာပါပဲ ကောင်းပါတယ် ကျေနပ်မိပါတယ် ဆိုတဲ့ ပြေတီဦး #celebrity #ပြေတီဦး”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တော့ စစ်မှုထမ်းကိစ္စ ပြေတီဦးက အခုလိုပြောတယ်ဆိုတဲ့ အထောက်အထား အခြား ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ အခုလို ရေးသားဖြန့်ချိနေတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ အညှီအဟောက်တွေနဲ့ လူတွေကို စိတ်ခံစားမှုမြင့်စေတဲ့ သတင်းခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိနေတဲ့ စာမျက်နှာတခုဖြစ်တာတွေ့ရပါတယ်။
မြန်မာနိင်ငံက သရုပ်ဆောင်တွေ သေပြီ၊ အဖမ်းခံရပြီစတဲ့ သတင်းတုတွေ ဖြန့်ချိလေ့ရှိတဲ့ Channel P အမည်နဲ့ ယူကျူ့မှာ မြန်မာစစ်ကောင်စီ စစ်မှုထမ်း ဥပဒေစတင်ပြဌာန်းစ လွန်ခဲ့တဲ့ ၇ လက သရုပ်ဆောင်တွေက စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ထောက်ခံမှု၊ ကန့်ကွက်မှုတွေဆိုပြီးတော့ ဆက်တိုက် ဖြန့်ဝေခဲ့တဲ့ ပို့စ်တွေထဲက ပြေတီဦးနဲ့ ပတ်သက်တဲ့ သတင်းတုကို အခုလို ဖေ့စ်ဘွတ်မှာ ပြန်လည် ဖြန့်ချိလာခြင်းဖြစ်တာ လည်းတွေ့ ရပါတယ်။
Read also – Fact Check: သရုပ်ဆောင်တွေရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြောကြားချက် တွေလား- မဟုတ်ပါ
သုံးသပ်ချက်တနိုင်ငံလုံး စစ်မှုထမ်းကိစ္စ ကျေနပ်တယ်လို့ ပြေတီဦးပြောကြားချက်ဆိုတာ လုပ်ကြံရေးသား ဖြန့်ဝေမှုသာဖြစ်ပြီး ပြေတီဦးက ဒီလိုပြောကြားခဲ့တဲ့ အထောက်အထားမရှိပါဘူး။