
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-(က)နဲ့ တရားစွဲဆိုခံရပြီး အင်းစိန်အကျဉ်းထောင်တွင်းကနေ အမှုရင်ဆိုင်နေရတဲ့ ဦးဌေးအောင်ဟာ လက်ရှိအချိန်မှာတော့ အင်းစိန်ထောင်ထဲမှာ ကျန်းမာရေးမကောင်းပဲ အစာအဆိပ်သင့်တဲ့အခြေအနေမျိုးဖြစ်ခဲ့ရတယ်ဆိုတဲ့ သတင်းကို နိုဝင်ဘာလ ၁၆ရက်နေ့ကနေစတင်ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေကြတာတွေ့ရပါတယ်။
ဒီလိုရေးသားဖော်ပြနေတဲ့ပို့စ်တွေမှာ “NLDအစိုးရအားဖြုတ်ချနိုင်သည်ဟုပြောသော ဦးဌေးအောင်သည် ထောင်ထဲတွင် အစာအဆိပ်သင့်မှုဖြစ်နေကြောင်း FBလူမှုကွန်ယက်တွင်တွေ့ရှိရ”ဆိုတဲ့ ခေါင်းစဉ်နဲ့ “ဦးဌေးအောင်သည် ၂၀၂၀ခုနှစ် ၈လပိုင်း ရွေးကောက်ပွဲမတိုင်မှီ လပိုင်းအလိုတွင် နိုင်ငံတော်ကို အကြည်အညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် အကျဉ်းချထားခြင်းခံရပြီး ယနေ့အထိအမှုစစ်ဆေးခြင်းအား ပွင့်လင်းမြင်သာစွာ ဆက်လက်ဆောင်ရွက်ခြင်းအား တွေ့ရှိရခြင်းမရှိသေး။”လို့ စသဖြင့်ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီလိုရေးသားနေတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ဒီအကြောင်းကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်ကူးယူရေးသားနေတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB Link | Archive Link
အချက်အလက်စစ်ဆေးချက်
ဒီလိုရေးသားနေတွေနဲ့ပတ်သက်ပြီး တရားဝင်မီဒီအလုပ်ကို လုပ်ကိုနေတဲ့မီဒီယာတွေမှာ ဦးဌေးအောင်ရဲ့ ကျန်းမာရေးကိုဖော်ပြတဲ့သတင်းမျိုး တစ်စံတစ်ရာဖော်ပြတာမျိုး မတွေ့ရပါ။အင်းစိန်ထောင်ပိုင်ကြီး ဦးဇောိဇော်ကို Fact Crescendo Myanmarက ဆက်သွယ်မေးမြန်းရာမှာတော့ ဒါကသတင်းအမှားသာဖြစ်ပြီး ဦးဌေးအောင်ရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း ပြန်လည်ဖြေဆိုခဲ့ပါတယ်။
“ဒါကသတင်းအမှားတွေလျှောက်ရေးနေကြတာပါ။ ဦးဌေးအောင်က ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းမှန်မှန် ရှိပါတယ်။ဘာမှမဖြစ်ပါဘူး။ ရုံးချိန်းမထုတ်တာကလည်း လက်ရှိကိုဗစ်ရောဂါပျံ့ပွားမှု အခြေနေအရ အွန်လိုင်းကနေ Video Conferencing စနစ်နဲ့ပဲစစ်ဆေးနေတာမို့ပါ”လို့ ဦးဇော်ဇော်က ရှင်းပြပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်တွေအရ ဦးဌေးအောင်သည် ထောင်ထဲတွင် အစာအဆိပ်သင့်နေတယ်ဆိုတဲ့သတင်းဟာ သတင်းအမှားဖြစ်တာကိုတွေ့ရပါတယ်။

Title:အင်းစိန်ထောင်ထဲမှာ ဦးဌေးအောင်အစာအဆိပ်သင့်တယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: Explainer