
အမေရိကန်ရဲ့အခြေခံဥပဒေမှာ သမ္မတနဲ့ ဒုသမ္မတဟာ ခရစ်ယာန်ဘာသာဝင်သာဖြစ်ရမယ်လို့ ပြဌာန်းထား တယ်လို့ဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှား သာဖြစ်ပါတယ်။
မျှဝေလျက်ရှိတဲ့ ပို့စ်မှာ အမေရိကန်အခြေခံဥပဒေမှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာ ဝင်သာဖြစ်ရမှာဖြစ်သလို သမ္မတအိမ်ဖြူတော်မှာ ခရစ်ယာန်ကလွဲလို့ အခြားဘာသာဝင်တွေ တာဝန်ထမ်းဆောင် ခွင့်မရှိဘူးဆိုပြီး “Saw Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၅၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီအချက်အလက်မှား ပျံ့နှံ့ခဲ့ဘူးပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြပြီးဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
တကယ်တော့ အမေရိကန်ဖွဲ့စည်းပုံအခြေခဥပဒေတစ်ခုလုံးမှာ “ဘာသာရေး”လို့ မြန်မာလို ပြန်ဆိုနိုင်တဲ့ “religion”ဆိုတဲ့ စကားလုံး ၂ လုံးသာပါဝင်တာတွေ့ရပါတယ်။ ဒီစကားလုံး နှစ်လုံးစလုံးဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်ချုပ်ခြယ်မှုမရှိစေရဆိုတဲ့ ပြဌာန်းချက်တွေမှာ သုံးစွဲထားတာဖြစ်ပါတယ်။
ပထမဆုံး “ဘာသာရေး”ဆိုတဲ့ စကားလုံးကို အခန်း(၄) တတိယအပိုဒ်မှာ ရေးသားထားတဲ့ အထက်လွှတ်တော် အမတ်၊ အောက်လွှတ်တော်အမတ်တွေအပါအဝင် တရားရေးနဲ့ အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်မယ့်သူဟာ ဘာသာရေးနဲ့ပတ်သက်ပြီး ဖော်ပြစရာမလိုဘူးဆိုတဲ့ ပြဌာန်းချက်မှာ သုံးစွဲထားတာဖြစ်ပါတယ်။
နောက်ထပ်စကားလုံးကတော့ အခြေခံဥပဒေကို ပထမဆုံးအကြိမ်ပြင်ဆင်တဲ့ ပြင်ဆင်ချက်မှာ သုံးစွဲခဲ့တာဖြစ်ပြီး ဒီပြင်ဆင်ချက်မှာ လွှတ်တော်ဟာ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အတားအဆီးဖြစ်စေမယ့်ဥပဒေမျိုး ပြဌာန်းခွင့် မရှိစေရဆိုတဲ့ ပြင်ဆင်ချက်မှာ ဒီစကားလုံးကို တွေ့ရတာဖြစ်ပါတယ်။ “Christian”ဆိုတဲ့စကားလုံးတစ်လုံး တစ်ပါဒမျှမပါဝင်ပါဘူး။ အောက်ပါလင့်ခ်မှာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအပြည့်အစုံကို ဖတ်ရှူ့ နိုင်ပါတယ်။
မူရင်းလင့်ခ် – Constitutioncenter.org | Archive link
ထို့အပြင် အမေရိကန်မှာ သမ္မတဖြစ်ဖို့အတွက် ကန့်သတ်ချက် ၃ ခုသာရှိပါတယ်။ အသက် ၃၅ နှစ်ထက်မငယ်ရ၊ မွေးဖွားစဉ်ကတည်းက နိုင်ငံသားဖြစ်ခွင့်ရှိသူ၊ နိုင်ငံအတွင်း ၁၄ နှစ်ထက်မနည်းနေထိုင်ခဲ့သူဖြစ်ရမယ်ဆိုတဲ့ ၃ ချက်သာရှိပါတယ်။

မူရင်းလင့်ခ် – Whitehouse.gov | Archive link
သုံးသပ်ချက်
အမေရိကန်ရဲ့အခြေခံဥပဒေမှာ သမ္မတနဲ့ ဒုသမ္မတဟာ ခရစ်ယာန်ဘာသာဝင်သာဖြစ်ရမယ်လို့ ပြဌာန်းချက် မပါရှိပါဘူး။ အမေရိကန်မှာ သမ္မတဖြစ်ဖို့လိုအပ်ချက် ၃ ချက်သာရှိပြီး အသက် ၃၅ နှစ်ထက်မငယ်သူ၊ မွေးဖွားစဉ်ကတည်းက နိုင်ငံသားဖြစ်သူ၊ နိုင်ငံအတွင်း ၁၄ နှစ်ထက်မနည်းနေထိုင်ခဲ့သူဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်သာပါဝင်ပါတယ်။
ပြောဆိုချက်- အမေရိကန်ရဲ့အခြေခံဥပဒေမှာ သမ္မတဟာ ခရစ်ယာန်ဘာသာဝင်သာဖြစ်ရမယ်လို့ ပြဌာန်းထား

Title:Fact Check: အမေရိကန်သမ္မတဟာ ခရစ်ယာန်ဖြစ်ရမယ်လို့ ပြဌာန်းမထားပါ
Fact Check By: နေရာမောင်Result: False