Fact Check: ဒီဗွီဒီယိုက ၂၀၁၉ ခုနှစ်အတွင်းက ပေါင်မြို့နယ်မှာ BGF ၂ဦးဝိုင်းဖမ်းခံရမှု ဖြစ်စဉ်သာဖြစ်တယ်

Misleading နိုင်ငံရေး | Politics

လက်နက်နဲ့ PDF ၂ ဦးကို ပြည်သူတွေကို ဝိုင်းဖမ်းပေးတဲ့ ရုပ်သံဖိုင်ဆိုပြီးတော့ ဗွီဒီယိုဖိုင်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့၂၀၁၉ ခုနှစ်က ပေါင်မြို့နယ်မှာ BGF နှစ်ယောက်ကို ဝိုင်းဖမ်း ဆီးမှုဖြစ်စဉ်ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်လို့ မြန်မာလို့ခေါ်တဲ့ BGF ဟာ တိုင်းရင်းသားအချို့ဦးစီးတဲ့ မြန်မာစစ်တပ်လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဖြစ်ပါတယ်။ 

၁၉ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ သေနတ်တစ်လက်နဲ့ပြေးလားတဲ့ အမျိုးသားတစ်ဦး၊ လူတစ်ယောက်ကို ဝိုင်းဝန်းဖမ်းဆီးနေတဲ့မြင်ကွင်းတွေနဲ့ ဆိုင်ကယ်နဲ့လိုက်ဖမ်းနေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။

“သေနတ်ပါသည့် PDF ၂ဦးကို ပြည်သူများက ဝိုင်းဖမ်းပေးသည့် ရုပ်သံဖိုင်”လို့ ရေးသားပြီး ဒီဗွီဒီယိုကို “San Thit Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ၄ နာရီအတွင်း ပြန်လည်မျှဝေမှုပေါင်း ၁၁၀၀ ရှိပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

ယူကျူ့မှာလည်း တူညီစွာရေးသားမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – YoutubeArchive link  

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေရာမှာ ဒီဗွီဒီယိုဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်ကတည်းက အင်တာနက်မှာပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ 

“Myanmar General Tips”အမည်နဲ့ယူကျူ့အကောင့်တစ်ခုမှာ ဒီဗွီဒီယိုကို အောက်ပါအတိုင်းရေးသား ဖော်ပြ ထားပါတယ်။

“စားသောက်ပြီးငွေမရှင်းပဲ သေနတ်မိုးပေါ်ထောင်ဖေါက်တဲ့ BGFတပ်ဖွဲဝင်၂ဦးကိုရဲနှင့်ပြည်သူဝိုင်းဝန်းဖမ်းဆီး”

ဆက်လက်ပြီး သတင်းစာသားအနေနဲ့ အောက်တိုဘာ ၁၉ ရက်က မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျွဲခြံကျေးရွာက မမကြီးအရက်ဆိုင်မှာ အရက်သောက်ပြီး ပိုက်ဆံမရှင်းဘဲ သေနတ်ပစ်ဖောက်ပြီး ရန်လိုတဲ့ အပြုအမှုနဲ့ ထွက်သွားဖို့ကြိုးစားတဲ့ BGF တပ်ဖွဲ့ဝင်နှစ်ဦးကို ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့ဝင်များက နေလယ်ပိုင်းက ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့လည်းရေးသားထားပါတယ်။

https://www.youtube.com/watch?v=GywwaApSLkg

မူရင်းလင်ခ့် – Myanmar General TipsArchive link  

ထို့အပြင် စစ်အာဏာသိမ်းအပြီးမှာလုပ်ငန်းရပ်နားသွားပြီဖြစ်တဲ့ “Southern Myanmar News”အမည်နဲ့ သတင်းဌာနကလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ ဒီသတင်းကိုဖော်ပြခဲ့တာတွေ့ရပါတယ်။

https://www.facebook.com/SMN.mediagroup/posts/pfbid02GYWbRZ62xxxYp2HdYoCjT3NwFXptebYwuRffYpjscSRD4wmp8CjiStMPBw3tE5ytl

မူရင်းလင်ခ့် – Southern Myanmar NewsArchive link  

သုံးသပ်ချက်

 ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၉ ရက်က မွန်ပြည်နယ် ပေါင်မြို့နယ် ကျွဲခြံကျေးရွာက ဖြစ်စဉ်ပါ။ ပိုက်ဆံမရှင်းဘဲ သေနတ်ပစ်ဖောက်ပြီး ရန်လိုတဲ့အပြုအမှုလုပ်ခဲ့တဲ့ BGF နှစ်ဦးကို လူတွေက ဝိုင်းဖမ်းခဲ့တာလို့ သတင်းတွေမှာဖော်ပြခဲ့ပါတယ်။

Avatar

Title:Fact Check: ဒီဗွီဒီယိုက ၂၀၁၉ ခုနှစ်အတွင်းက ပေါင်မြို့နယ်မှာ BGF ၂ဦးဝိုင်းဖမ်းခံရမှု ဖြစ်စဉ်သာဖြစ်တယ်

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *