Fact Check: ခေါင်းစဉ်မှားတွေတပ်ပြီး လူတွေကိုလှည့်စားနေတဲ့ Top One Burmese အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာ

Misleading လူမှုရေး

Top One Burmese လို့ မျက်နှာဖုံးဓာတ်ပုံမှာရေးသားထားပြီး မြန်မာလို “အထူးထီ”လို့ အဓိပ္ပာယ်ရတဲ့ ထိုင်းလို ရေးသားထားတဲ့စာမျက်နှာဟာ သတင်းတုသတင်းမှားတွေဖြန့်ချီလျှက်ပျံ့နှံ့မှု အားကောင်းလားခဲ့တာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။

“ลอตเตอรี่พิเศษ”လို့ ထိုင်းဘာသာနဲ့ရေးသားထားပြီး ဖေ့စ်ဘွတ်ရဲ့ url မှာတော့ newsdailyburmese ရေးသား သလို ဖေ့စ်ဘွတ်ရဲ့ logo ဓာတ်ပုံနေရာမှာ Top One Burmese လို့ရေးသားထားတဲ့ အပြာရောင်လိုဂိုကို အသုံးပြု ထားပါတယ်။  ဒီစာမျက်နှာမှာ ဗွီဒီယိုပါအကြောင်းအရာ နဲ့သက်ဆိုင်ခြင်းမရှိပဲ လူတွေကို လှည့်စားထားတဲ့ ခေါင်းစဉ်လွှဲတွေတပ်ပြီးရေးသား မျှဝေနေတာတွေ့ရပါတယ်။

ဉပမာအားဖြင့် ထုတ်နုတ်ဖော်ပြရရင် နိုဝင်ဘာ ၂၇ ရက်မှာ ဒီစာမျက်နှာမှာ “ဒေါ်စုကို တရားစွဲထားတဲ့ ပုဒ်မတွေကို အမေရီကန် ရုပ်သိမ်းလိုက်ပြီ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖြန့်ဝေခဲ့ပါတယ်။သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။

C:\Users\Mi\Pictures\1204-page-promoting-fakes\Screenshot 2021-12-03 at 14-47-10 Watch Facebook.png

မူရင်းလင်ခ့် – Fb linkArchive link

ထို့အပြင် နိုဝင်ဘာ ၂၉ ရက်မှာ “ဒီနှစ်မကုန်ခင်မအလကိုဖြုတ်ချပေးမယ်ဟုG7ကမ္ဘာ့နိုင်ငံကြီးများကတိပေး”လို့ ရေးသားပြီး ဗွီဒီယိုဖိုင်တစ်ခုတင်ခဲ့ပါတယ်။ ဒီသတင်းဟာလည်း အထောက်အထားမရှိပါဘူး။

C:\Users\Mi\Pictures\1204-page-promoting-fakes\Screenshot 2021-12-03 at 14-48-03 Watch Facebook.png

မူရင်းလင်ခ့် – Fb linkArchive link 

ဒီဗွီဒီယိုဖိုင်တင်ပြီး မကြာခင်မှာပဲ ““ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်အာဏာပြန်လွဲပြီ”လို့ရေးသားပြီး ဗွီဒီယိုဖိုင်တစ်ခုကိုတင်ခဲ့တာတွေ့ရပါတယ်။ ဒီသတင်းဟာလည်း မှားယွင်းပါတယ်။

C:\Users\Mi\Pictures\1204-page-promoting-fakes\Screenshot 2021-12-03 at 14-47-33 Watch Facebook.png

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

 “ဒေါ်စုကို တရားစွဲထားတဲ့ ပုဒ်မတွေကို အမေရီကန် ရုပ်သိမ်းလိုက်ပြီ”လို့ ရေးသားပြီး မျှဝေထားတဲ့ ဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၂၃၁၀၀၀ ရှိပါတယ်။ ၁၀ မိနစ်စာရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်တစ်ခုဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို အမေရိကန်က တရားစွဲဆိုထားခြင်းမရှိပါ။ တကယ်တမ်း ဒီ ၁၀ မိနစ်စာလုံးမှာ ဒေါ်အောင်ဆန်း စုကြည်ကို တရားစွဲဆိုမှုနဲ့သက်ဆိုင်တဲ့အကြောင်းအရာ တစ်စုံတစ်ခုမှ ပါဝင်ခြင်းမရှိပါဘူး။  ဗွီဒီယိုထဲမှာပါတဲ့ အကြောင်း အရာတွေကတော့ စစ်တပ်ကအငြိမ်းစားပေးလိုက်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ် ကြီး ရဲအောင်တို့ကို အငြိမ်းစားပေးလိုက်တဲ့သတင်း၊ မင်းကင်းပန်းဆက်ရွာက ပျူစောထီးတွေကို စစ်တပ် က လက်နက်တပ်ဆင်ပေးတဲ့သတင်း၊ ကန်ပက်လက်က ထွေအုပ်ရုံးနဲ့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးရုံးမီးရှို့ခံရ၊ ထန်တလန်မီးလောင်မှု၊ အမျိုးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုစစ်တွေမှာပြုလုပ်စတဲ့ သတင်းတွေ ပဲဖြစ်ပါတယ်။

ထို့အတူ အခြား ဗွီဒီယို ၂ ခုဖြစ်တဲ့ “ဒီနှစ်မကုန်ခင်မအလကိုဖြုတ်ချပေးမယ်ဟုG7ကမ္ဘာ့နိုင်ငံကြီးများကတိပေး”လို့ ဗွီဒီယိုမှာခေါင်းစဉ်တပ်ရေးသားထားသော်လည်း ၃ မိနစ်ရှည်လျားတဲ့ဒီဗွီဒီယိုမှာလည်း ကမ္ဘာ့စီးပွားရေး အင်အား ကြီး နိုင်ငံ ၇ နိုင်ငံကို ကိုယ်စားပြုတဲ့ အဖွဲ့အကြောင်းလည်း တစ်စုံတစ်ရာမပါဘဲ ဗွီဒီယိုမှာ ပြောကြားထားတဲ့ အကြောင်းအရာတွေဟာ လူမှုကွန်ယက်မှာပျံ့နှံ့မှုအားကောင်းခဲ့တဲ့ NUG အစိုးရရဲ့ ငွေတိုက်စာချုပ်ရောင်းချခြင်း အကြောင်းသာ ဖြစ်နေပါတယ်။ 

ဒီလိုပဲ “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်အာဏာပြန်လွဲပြီ”လို့ ဗွီဒီယိုကိုခေါင်းစဉ်တပ်ထားပေမဲ့ အကြောင်း အရာဟာ ၁၀ မိနစ်ကြာတဲ့ ဒီဗွီဒီယိုမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကြောင်းမပါဝင်သလို အာဏာ သိမ်းမှု၊ အာဏာပြန်လွှဲမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တစ်စုံတစ်ရာမပါဝင်ပါဘူး။ ဗွီဒီယိုပါအကြောင်း အရာတွေကို သရုပ်ခွဲ့ကြည့်ရာမှာ  မြန်မာနောင်းသတင်းဌာနက ဇွန် ၂၈ ရက်မှာဖော်ပြခဲ့တဲ့ သတင်း ၂ပုဒ်ဖြစ်တဲ့  “စစ်တပ်ဆက်နွှယ်ကုန်များ မရောင်းချရန် TNLA ပိတ်ပင်”၊ “ပြည်သူများ ကိုဗစ်အန္တရာယ်ကြုံမည်ကို ဒေါ်အောင်ဆန်းစုကြည် အလွန်စိတ်ပူနေ”၊ ဇွန် ၂၉ ရက်မှာဖော်ပြခဲ့တဲ့ “တောင်ဒဂုံ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးစာရေးမ ပစ်သတ်ခံရ”စတဲ့သတင်းတွေကို အသံဖိုင်အဖြစ်ပြောင်း လဲထားခြင်းဖြစ်ပါတယ်။ ထို့အပြင် ဒီရုပ်သံဖိုင်မှာ သတင်းနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံ၊ ရွေးကောက်ပွဲကော်မရှင်ပုံ၊ စစ်သားများပုံတွေကို အလှည့်ချချိတ်ဆက်ပြီး ရုပ်ကတ်ဗွီဒီယိုအဖြစ်ဖန်တီးပြုလုပ်ထား ခြင်းသာဖြစ်တာတွေ့ရပါတယ်။

သုံးသပ်ချက်

“ลอตเตอรี่พิเศษ”အမည်နဲ့စာမျက်နှာပါအကြောင်းအရာတွေဟာ လုပ်ကြံရေးသားထားတဲ့ခေါင်းစဉ်အမှားတွေနဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေကိုလှည့်စားဖော်ပြနေခြင်းဖြစ်ပါတယ်။

Avatar

Title:ခေါင်းစဉ်မှားတွေတပ်ပြီး လူတွေကိုလှည့်စားနေတဲ့ Top One Burmese အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *