အမျိုးသမီးတွေဝတ်ဆင့်လေ့ရှိတဲ့ အိပ်ယာဝင် အင်္ကျီနဲ့ နိုင်ငံခြား သားတွေကို မြန်မာနိုင်ငံကဆိုပြီးတော့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။

“ကမ္ဘာပတ်နေတဲ့ လူလည်တွေ.. မြန်မာနဲ့တွေ့မှ ဂျင်းမိတော့တယ် မဆိုးပါဘူး အပွင့်လေးတွေနဲ့” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံနဲ့အတူ မျှဝေထားပါတယ်။

တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

အိပ်ယာဝင်ဝတ်စုံနဲ့ အမျိုးသား ၃ ဦးဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေကြည့် ရာမှာ ဗီယက်နမ်နိုင်ငံကဖြစ်တာတွေ့ ရပါ တယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ဗီယက်နမ်က ဖေ့စ်ဘွတ်စာမျက်နှာတခုက ဒီဓာတ်ပုံကို မျှဝေထား ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဗီယက်နမ်လို ရေးသားထားတဲ့ စာသားကို ဘာသာပြန်ဆိုကြည့်ရာမှာ မနက်ဖန်ဟောလိုဝင်(Halloween)ဖြစ်သည် လို့ ရေးသားထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Tôi là người Sài Gòn | Archive link

ဒီအနောက်တိုင်းအမျိုးသား ၃ ဦးဟာ ဒီဝတ်စုံတွေနဲ့ပဲ နောက်ထပ်ဓာတ်ပုံတပုံကို ထပ်တွေ့ရပြီး အဲဒီဓာတ်ပုံရဲ့ နောက်မှာ ဗီယက်နမ်စကားလုံးအချို့ကိုတွေ့မြင်ရသလို လိုင်စင်နံပါတ်ပြားကိုလည်းတွေ့မြင့်ရပါတယ်။ ဒီလိုင်စင် နံပါတ်ပြားဟာ ဟိုချီမင်းမြို့အတွက် လိုင်စင်နံပါတ်ဖြစ်တာတွေ့ရပါတယ်။

ဒီလိုပဲ ဘုရားရင်ပြင်တခုမှာ အနောက်တိုင်းသားတဦး လုံချည်ဝတ်ထားတဲ့ ဓာတ်ပုံဟာလည်း မြန်မာနိုင်ငံက မဟုတ်ပါဘူး။ ဒီဘုရားဟာ ထိုင်းတောင်ပိုင်း ဖူးခတ်က Phra Phutta Ming Mongkol Akenakiri ဘွဲ့တော်နဲ့ ဘုရားဖြစ်တယ်။ အင်္ဂလိပ်လို့ Big Buddha လို့လည်း အသိများပါတယ်။ မတူညီတဲ့ ဓာတ်ပုံ ၂ ပုံနဲ့ မြင်ကွင်း နှိုင်းယှဉ်မှုကို အောက်မှာ ကြည့်ပါ။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံတွေဟာ ဗီယက်နမ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက ဓာတ်ပုံတွေဖြစ်တာတွေ့ရပါ တယ်။ ဘုရားရင်ပြင်တခုက လုံချည်ဝတ်နိုင်ငံခြားသားဟာ ထိုင်းနိုင်ငံ ဖူးခတ်က ဘုရားရင်ပြင်ပေါ်မှာ ဖြစ်ပြီး အခြားသော အိပ်ယာဝင်အင်္ကျီနဲ့ အမျိုးသား ၃ ဦးရဲ့ ဓာတ်ပုံဟာလည်း ဗီယက်နမ်နိုင်ငံမှာ ရိုက်ကူးထား ခြင်းဖြစ်တယ်။

Avatar

Title:Fact Check: အိပ်ယာဝင် အင်္ကျီ၊ လုံချည်နဲ့ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံက မဟုတ်ပါ

Written By: နေရာမောင်

Result: False